AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ အာဆင်နယ်အသင်းရဲ့ကြယ်ပွင့်ကစားသမား အာရွန်ရမ်ဆေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Daily Star ရဲ့ရေးသားချက်အရ သိရပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ ယခုရာသီမှာ အာဆင်နယ်အသင်းအတွက် ၂၁ ပွဲပါဝင်ကစားပေးထားပြီး သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်ထားတဲ့ ရမ်းဆေးရဲ့အမာခံပရိသတ်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ အာရွန်ရမ်ဆေးဟာ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းနဲ့ တစ်ရာသီ စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး အသက်အရွယ်အားဖြင့် ၂၇ နှစ်သာ ရှိသေးတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကစားဖို့အတွက် အခွင့်အရေးတွေရှိနေတာဖြစ်ပါတယ်။

play

 

အာဆင်နယ်အသင်းမှာ ဆယ်စုနှစ်တစ်ခုကြာ ရှိနေခဲ့တဲ့ ရမ်ဆေးဟာ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ကိစ္စ ညှိနှိုင်းမရ ဖြစ်နေတာကြောင့် အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ကစားသမားဖြစ်ပါတယ်။ ကြားသိရတဲ့သတင်းတွေအရ မော်ရင်ဟိုဟာ ပေါ့ဂ်ဘာနဲ့ ဆန်းချက်ဇ်တို့က အသင်းကို ပုံပျက်အောင်လုပ်နေတယ်လို့ ထင်မြင်နေပြီး ရမ်ဆေးလို တိုက်စစ်နဲ့ ခံစစ်ကို ချိတ်ဆက်ပေးနိုင်တဲ့ကစားသမားမျိုးကသာ အသင်းကို ပြန်လည်ဦးမော့လာအောင် ကူညီပေးနိုင်မယ်လို့ ယုံကြည်နေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD