AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား အန်သိုနီမာရှယ်ဟာ နည်းပြမော်ရင်ဟိုရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခွင့်မရတာကြောင့် ယခုရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။

play

 

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာရှယ်ဟာ လာမယ့် ၂၀၁၉ ခုနှစ် နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးချင်ပါက တိုးခွင့်ရှိတယ်လို့ စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုထားပါတယ်။ The Sun ရဲ့ရေးသားချက်အရ မာရှယ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေပြီလို့ သိရပါတယ်။

play

 

အန်သိုနီမာရှယ်ကို ချယ်ဆီး၊ စပါး၊ အာဆင်နယ်၊ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်အသင်းတို့က ခေါ်ယူဖို့ စောင့်ကြည့်နေကြပြီး မန်ယူအသင်းရဲ့နည်းပြ မော်ရင်ဟိုကလည်း မာရှယ်ကို ထွက်ခွာလိုပါက ထွက်ခွာခွင့်ပေးသွားမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ မော်ရင်ဟိုဟာ ဘရိုက်တန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ မာရှယ်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တင်ခဲ့ပြီး မာရှယ်ရဲ့ဆိုးရွားတဲ့စွမ်းဆောင်ရည်ကြောင့် လူကာကူတစ်ဦးတည်းကိုသာ အားထားနေရတာလို့ ပြောခဲ့ပါသေးတယ်။

play

 

မာရှယ်ရဲ့ပွဲထွက်ခွင့်ဟာ အာဆင်နယ်အသင်းကနေ မန်ယူအသင်းကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပြောင်းရွှေ့လာတဲ့ ဆန်းချက်ဇ်ကြောင့် ပိုမိုရုန်းကန်ခဲ့ရပြီး ဆန်းချက်ဇ်ရောက်ရှိပြီးနောက်ပိုင်း ၆ ပွဲသာ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD