AD
AD
AD

ချယ်ဆီးအသင်းရဲ့နည်းပြကွန်တီဟာ ပြီးခဲ့တဲ့ ၂၀၁၆ ဘောလုံးရာသီမှာ ချယ်ဆီးအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ပထမဆုံးရာသီမှာပဲ ချယ်ဆီး အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ယခုရာသီမှာ ဆိုးရွားတဲ့ရလဒ်တွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

play

 

ချယ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ အဆင့် ၄ နေရာက တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ၈ မှတ်အကွာ အဆင့် ၅ နေရာမှာသာ ရပ်တည်နေပြီး ထိပ်ဆုံး ၄ နေရာအတွက်တောင် မသေချာတော့တဲ့အခြေအနေကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဥရောပချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ကွန်တီရဲ့ချယ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းကို ရှုံးနိမ့်ပြီး ၁၆ သင်းပတ်လည်အဆင့်ကနေသာ လှည့်ပြန်ခဲ့ရပါတယ်။

play

 

ချယ်ဆီးအသင်းဒါရိုက်တာရဲ့ပြောကြားချက်အရ ချယ်ဆီးအသင်းဟာ ဘာစီလိုနာနည်းပြဟောင်း လူးဝစ်အန်းနရစ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် လူးဝစ်အန်းနရစ်က စိတ်ဝင်စားမှုမရှိတာကြောင့် အယ်လီဂရီကိုသာ ခေါ်ယူဖို့ အာရုံစိုက်ခဲ့တယ်လို့ သိရပါတယ်။ အယ်လီဂရီဟာ ပြီးခဲ့တဲ့နှစ်နွေရာသီကမှ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့သူဖြစ်ပြီး ဥရောပမှာ အဆင့်သတ်မှတ်ချက်အမြင့်ဆုံးနဲ့ လူအများလေးစားခြင်းခံရတဲ့နည်းပြတွေထဲက တစ်ဦးဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD