AD
AD
AD

ဘောလုံးရေးရာကျွမ်းကျင်သူ ပေါလ်မာဆွန်ကတော့ ယခုအပတ်မှာ ယှဉ်ပြိုင်ကစားကြမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေအတွက် သူ့ရဲ့ ကြိုတင်ခန့်မှန်းချက်တွေကို ပြောပြခဲ့ပါတယ်။ ယခုအပတ်မှာ ဆီမီးဖိုင်နယ်ပွဲစဉ်တွေအဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး၊ ချယ်ဆီးနဲ့ ဆောက်သမ်တန်အသင်းတို့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

 

မန်ချက်စတာယူနိုက်တက် Vs တော့တင်ဟမ်ဟော့စပါး

play

 

ခင်ဗျား ပြီးခဲ့တဲ့အပတ်က စပါးအသင်း ဘာဖြစ်ပျက်ခဲ့လဲဆိုတာ မှတ်မိတယ်မလား။ လူတွေက စပါးအသင်းက ခြေစွမ်းပိုင်းတိုးတက်လာနေပြီ။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စိန်ခေါ်နိုင်နေပြီဆိုပြီး ကျွန်တော့်ကို ပြောကြတယ်။ အခု မန်ချက်စတာစီးတီးအသင်းရဲ့ အနောက် မိုင်ပေါင်းများစွာမှာ ကျန်နေခဲ့ပြီ။ သူတို့က လိဂ်တစ်ခုတည်းမှာလို့တောင် ခင်ဗျား တွေးလို့မရဘူးမလား။ အခု ပြောမယ့်ကိစ္စက ဘယ်အချိန်မှာ တော့တင်ဟမ် ဟော့စပါးအသင်းက အရာအားလုံးကို စပြီး အနိုင်ရရှိမှာလဲ။ ခင်ဗျား အခုအနိုင်ရဖို့ သင့်နေပြီနော်။ အဲဒီလိုမှ မဟုတ်ရင် ကစားသမားတွေက မေးခွန်းစထုတ်တော့မယ်။

 

ဒီပွဲစဉ်ပေါ်မှာ အများကြီးမူတည်နေပါတယ်။ ကျွန်တော်သာ မန်ယူဖန်ဆိုပါစို့။ မန်ယူ အက်ဖ်အေဖလားရသွားပြီဆိုရင် အဲဒီကို သွားပြီး 'ခင်ဗျားသိလား။ ကျုပ်တို့က အက်ဖ်အေဖလားလည်း ရခဲ့တယ်။ လိဂ်ပြိုင်ပွဲမှာလည်း အဆင့် ၂ နေရာမှာရပ်တည်နေတယ်။ နောက်ရာသီမှာ ဘာတွေဖြစ်လာမလဲ ကြည့်ရအောင်'လို့ ပြောမှာပဲ။ တကယ်လို့ ရှုံးသွားရင်တော့ ခင်ဗျား တော်တော်အံ့သြသွားလိမ့်မယ်။ 'ဒီကနေ ဘယ်သွားမလဲတောင်မသိတော့ဘူး'ဆိုပြီး ဖြစ်သွားလိမ့်မယ်။ ပြီးခဲ့တဲ့ ဝက်စ်ဘရွန်းနဲ့ပွဲစဉ်က သွေးပျက်လောက်စရာရလဒ်ပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ မန်ယူကို ပိုကြိုက်တယ်။ ဘာကြောင့်လဲဆိုတော့ မော်ရင်ဟိုက ပွဲကြီးပွဲကောင်းတွေမှာ လုပ်ပြနိုင်ခဲ့တာတွေရှိတယ်။ စပါးအသင်းကတော့ တကယ် မလုပ်ပြနိုင်ပါဘူး။

 

မန်ချက်စတာယူနိုက်တက် ၂-၁ တော့တင်ဟမ်ဟော့စပါး(ပေါလ်မာဆွန်ရဲ့ခန့်မှန်းရလဒ်)

 

ချယ်ဆီး Vs ဆောက်သမ်တန်

play

 

ဆောက်သမ်တန်အသင်းအတွက် အနိုင်ရရှိဖို့ခက်ခဲတဲ့ ပွဲစဉ်ပါပဲ။ အက်ဖ်အေဖလားပြိုင်ပွဲမှာ တောင့်တင်းတဲ့ပြိုင်ဘက်အသင်းတွေနဲ့ မတွေ့ဘူးဆိုရင် ခင်ဗျား ဖလားရနိုင်ပါတယ်။ ဒါပေမယ့် ဆောက်သမ်တန်က ထိပ်သီးအသင်း ၂ သင်းကိုတောင် အနိုင်ယူနိုင်ခဲ့ပါတယ်။ အခု သူတို့ တန်းဆင်းဇုန်ထဲရောက်နေပြီ။

 

တန်းဆင်းဖို့ နီးကပ်နေချိန် လာမယ့်တနင်္ဂနွေနေ့မှာ ကစားရဖို့ရှိနေတယ်။ ဝင်ဘလေကွင်းကို ယှဉ်ပြိုင်ဖို့ သွားကိုသွားရမှာပဲ။ တကယ်လို့ တစ်စုံတစ်ယောက်က ခင်ဗျား တန်းဆင်းရမယ်။ ဒါပေမယ့် အက်ဖ်အေဖလားရမယ်လို့ ပြောရင် ပရိသတ်တွေက အက်ဖ်အေဖလားကို ယူမယ် ထင်တာပဲ။ အနိုင်မရတဲ့အသင်းကို အပတ်တိုင်းကြည့်နေရတာ သိပ်တော့မကောင်းဘူးပေါ့။ အဲဒီတော့ ဘာလို့ သွားပြီးအနိုင်မကန်ရမှာလဲ။ ဆောက်သမ်တန်က ဂိုးတွေအသွင်းခံရရင်တောင် ပြန်လာနိုင်မယ်လို့တော့ ထင်တာပဲ။ ဒါပေမယ့် ကျွန်တော် မှားသွားမှာပေါ့။ ချယ်ဆီး အသင်းကပဲ အနိုင်ယူသွားပါလိမ့်မယ်။

 

ချယ်ဆီး ၃-၁ ဆောက်သမ်တန်(ပေါလ်မာဆွန်ရဲ့ခန့်မှန်းရလဒ်)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD