AD
AD
AD

လီဗာပူးအသင်းရဲ့ကွင်းလယ်ကစားသမား ဂျိမ်းစ်မီလ်နာဟာ ကြွက်သားဒဏ်ရာကြောင့် ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပြီး လာမယ့် ၂၆ ရက်နေ့ညမှာ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

play

 

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျိမ်းစ်မီလ်နာဟာ ပြီးခဲ့တဲ့တစ်ပတ်လုံး ဒဏ်ရာပြဿနာကြောင့် လေ့ကျင့်ရေးမပြုလုပ်နိုင်ခဲ့ဘဲ ပရီးမီးယားလိဂ်ရဲ့ ရာသီပိတ်နောက်ဆုံးပွဲစဉ်မှာ ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ လီဗာပူအသင်းရဲ့နည်းပြ ယာဂင်ကလော့ပ်ရဲ့ ပြောကြားချက်အရ ဂျိမ်းစ်မီလ်နာရဲ့ဒဏ်ရာဟာ အသေးစားဒဏ်ရာဖြစ်ပြီး ကိဗ်မြို့မှာ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအမီ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာမယ်လို့ ယုံကြည်ရပါတယ်။

play

 

"သူ တစ်ပတ်လုံး လေ့ကျင့်ရေးမဆင်းနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ သူ့ကို အချိန်ကိုက် ကြံ့ခိုင်မှုအခြေအနေ တိုးတက်လာမယ်လို့ မျှော်မှန်းထားပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် အရန်လူအင်အားအနည်းငယ်သာရှိနေပြီး ဂျိုးဂိုးမက်ဇ်၊ ဂျိုဝယ်မာတစ်၊ အမ်မရီချန်၊ ချန်ဘာလိန်တို့ဟာ ကာလရှည်အနားယူရမယ့်ဒဏ်ရာပြဿနာတွေကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ကို လွဲချော်မှာဖြစ်တာကြောင့် နည်းပြ ယာဂင်ကလော့ပ်အနေနဲ့ ဂျိမ်းစ်မီလ်နာရဲ့ဒဏ်ရာကို သက်သာလာဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD