နယူးကာဆယ်ကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမှာ ဂိုးကန်သွင်းခွင့် လွတ်လွတ်ကျွတ်ကျွတ်ရခဲ့ပေမယ့် နှောင့်နှေးနေခဲ့တာကြောင့် တစ်ဖက် နောက် ခံလူရဲ့ ဖျက်ထုတ်ခြင်းကို ခံခဲ့ရတဲ့ အလက်ဆစ် ဆန်းချက်ကို ၂၀၁၇-၁၈ ဘောလုံးရာသီရဲ့ ဂိုးပေါက်လွဲချော်မှု စံချိန်ရှင် အဖြစ် ပရိသတ်တွေက သတ်မှတ်ခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြလာပါတယ်။

play

 

ဆန်းချက်အနေနဲ့ အသင်းဖော် လူကာကူရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် တစ်ဖက်ဂိုးသမားနဲ့ နောက်ခံလူများကို ကျော်လွန်နိုင်ခဲ့ပြီး ဖြစ်ကာ ဂိုးပေါက် ကန်သွင်းရုံသာာ ကျန်ရှိနေချိန်မှာ ကန်သွင်းယူခဲ့ခြင်း မပြုပဲ မည်သူမျှ မရှိနေတဲ့ ဂိုးပေါက်ကို ခြေဟန်တစ်ချက်ပြပြီးမှ ကန်သွင်းယူခဲ့ရာ မှာတော့ နယူးကာဆယ် နောက်ခံလူက တားဆီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

၎င်းရဲ့ တုံ့ဆိုင်းနေမှုကို အားကစား သတင်းကြေညာသူများ အဖြစ် တင်ဆက်ခဲ့ကြတဲ့ မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ်က-" ဆန်းချက်ရဲ့ တုံ့ဆိုင်းမှု အနည်းငယ်လေးက နယူးကာဆယ်ကို ပြန်လာနိုင်စေခဲ့ပါတယ်။" လို့ သုံးသပ်ခဲ့သလို အာဆင်နယ် ကစားသမားဟောင်း အွန်နရီက လည်း-" ဘာလို့ တုံ့ဆိုင်းနေခဲ့လဲ ကျွန်တော် နားမလည်နိုင်ဘူး။" လို့ ပြောကြားသုံးသပ်ခဲ့ကြပါတယ်။

ယင်းကဲ့သို့ မယုံကြည်နိုင်လောက်အောင် လွဲချော်ခဲ့တဲ့ ဆန်းချက်ရဲ့ တုံ့ဆိုင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လွဲချော်မှုကိုတော့ အများက ယခုနှစ် ဘောလုံးရာသီရဲံ Miss Of The Season စံချိန်ကို ပေးအပ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မန်ယူအသင်းလည်း နယူးကာဆယ်ကို အရေးနိမ့်ခဲ့ပြီး ထိပ်ဆုံးက မန်စီးတီးနဲ့ ၁၆ မှတ်အထိ ကွာဟခဲ့ရပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video