AD
AD
AD

ဒီဇင်ဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုတွေကို ပေးအပ်ခဲ့ရာမှာတော့ ဟယ်ရီကိန်း၊ဒီဖိုးနဲ့ ဂွါဒီယိုလာတို့က အသီးသီး ရရှိခဲ့ကြပါတယ်။

play

 

ဟယ်ရီကိန်းနဲ့ နည်းပြ ဂွါဒီယိုလာတို့မှာ ဒီဇင်ဘာလအတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆုနဲ့ နည်းပြဆုတို့ကို ဆွတ်ခူးခဲ့တာ ဖြစ်ပြီး ဒီဖိုးကတော့ တစ်လတာ ကာလအတွင်း အကောင်းဆုံး သွင်းဂိုးဆုရှင် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

play

 

ဒီဖိုးအနေနဲ့ ပဲလေ့စ်တိုက်စစ်မှူး ဘန်တီကီရဲ့ ၉၃ မိနစ်မှာရရှိတဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘော ဂိုးမ၀င်ခဲ့ရာမှ ရရှိလာခဲ့တဲ့ ကောင်တာ ဘောလုံးကို အကောင်းဆုံးအသုံးချကာ ဂိုးသမားရဲ့ ညာဖက်အပေါ်ထောင့်ကို အမြောက် ကန်သွင်းရယူခဲ့တာလည်း ဖြစ်ပါတယ်။

play

 

မန်စီးတီးအသင်းအနေနဲ့ ဒီဇင်ဘာလအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲမှာ ၆ ပွဲစလုံး အနိုင်ရရှိအောင်ကစားနိုင်ခဲ့သလို အရေးပါတဲ့ မန်ယူနဲ့ စပါးတို့ပွဲစဉ်တွေမှာလည်း အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း နည်းပြ ဂွါဒီယိုလာအနေနဲ့ ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး ဆုကို ၄ကြိမ်မြောက်ရရှိခဲ့ပါတယ်။

ဒီဇင်ဘာလမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ ကိန်းကတော့ ဒီဇင်ဘာလ အတွင်း ကစားခဲ့တဲ့ ၆ ပွဲမှာ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီ ၎င်းရဲ့ နှစ်ကြိမ်မြောက် တစ်လတာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလအတွင်း ဟက်ထရစ်နှစ်ကြိမ်ရယူနိုင်ခဲ့သလို တစ်ချိန်က ဘလက်ဘန်းတိုက်စစ်မှူး အလန်ရှီးယာားရဲ့ စံချိန်ကိုပင် ကျော်ဖြတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စံချိန်ကတော့ ပြက္ဒိန်နှစ်တစ်နှစ်အတွင်းမှာ ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ စံချိန်ဖြစ်တယ်လို့လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD