AD
AD
AD

တော့တင်ဟမ်ဟော့စပါးအသင်းဟာ အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ဟယ်ရီကိန်းကို ဘယ်သောအခါမှ ရောင်းချမှာမဟုတ်ဘူးလို့ ဥက္ကဌလီဗိုင်းကိုယ်တိုင် ထုတ်ဖော်ပြောဆိုထားခဲ့ဖူးပါတယ်။

play

 

ဘောလုံးစောင့်ကြည့်လေ့လာရေးသုတေသနအဖွဲ့အစည်းကြီးဖြစ်တဲ့ CIES ရဲ့ထုတ်ပြန်ချက်အရ စပါးအသင်းဥက္ကဌလီဗိုင်း စိတ်ကူးပြောင်းလဲခဲ့မယ်ဆိုရင် တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့ ဘာစီလိုနာအသင်းက မက်ဆီကို ရောင်းချတာထက် ပိုမိုအမြတ်အစွန်းရရှိလိမ့်မယ်လို့ သိရပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့လက်ရှိတန်ကြေးဟာ ပေါင် ၁၇၅ သန်းအထိ ရှိနေတယ်လို့ သိရပါတယ်။

play

 

မက်ဆီနဲ့ ဟယ်ရီကိန်းတို့ဟာ သက်ဆိုင်ရာအသင်း အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ကစားသမားတွေဖြစ်တာကြောင့် ပြောင်းရွှေ့ကြေးတစ်ပြားတစ်ချပ်မှ အသင်းက ကုန်ကျခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် ဟယ်ရီကိန်းဟာ မက်ဆီထက် အသက် ၆ နှစ် ငယ်ရွယ်တာကြောင့် တန်ကြေး ပေါင် ၂ သန်းပိုမိုနေတယ်လို့ အကြံပြုခဲ့ပါတယ်။ စပါးအသင်းရဲ့ကွင်းလယ်ကစားသမား ဒဲလ်အယ်လီက ကမ္ဘာ့ဘောလုံးလောကမှာ ပေါင် ၁၃၉ သန်းနဲ့ တတိယမြောက်တန်ကြေးအမြင့်ဆုံးကစားသမားအဖြစ် ရပ်တည်နေပြီး ထိပ်ဆုံး ၃ နေရာမှာ စပါးအသင်းက ကစားသမား ၂ ဦးအထိ ပါဝင်နေတာဖြစ်ပါတယ်။

play

 

အမှန်တကယ်တော့ ဒဲလ်အယ်လီရဲ့တန်ကြေးဟာ ပေါင် ၁၄၄ သန်းအထိ ရှိနေတာဖြစ်ပေမယ့် ဒဲလ်အယ်လီအတွက် တော့တင်ဟမ်ဟော့စပါးအသင်းက မင်လ်တန်ကီးနက်စ်ဒွန်စ်အသင်းကို ပြောင်းရွှေ့ကြေးပေါင် ၅ သန်းပေးချေခဲ့ရတာကို ပြန်နှုတ်လိုက်တာကြောင့် ပေါင် ၁၃၉ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD