AD
AD
AD

မန်ချက်စတာာယူနိုက်တက်အသင်းရဲ့ နည်းပြမော်ရင်ဟိုနဲ့ ၁၇ နှစ်ကြာ လက်တွဲခဲ့တဲ့ လက်ထောက်နည်းပြ ရူအီဖာရီရာ ရုတ်တရက် နှုတ်ထွက်သွားတာကြောင့် မန်ယူအသင်းရဲ့လက်ထောက်နည်းပြရာထူး လစ်လပ်ခဲ့ပြီး ယခုရာသီအကုန်မှာ ကစားသမားဘဝကနေ အနားယူခဲ့တဲ့ မိုက်ကယ်ကားရစ်ကို မော်ရင်ဟိုက လက်ထောက်နည်းပြအဖြစ် ခန့်အပ်ဖွယ်ရှိကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

play

 

မော်ရင်ဟိုကလည်း ဖာရီရာရဲ့နေရာမှာ ဘယ်သူကိုမှ အစားထိုးသွားမှာမဟုတ်ကြောင်းပြောကြားခဲ့ပြီး လစ်လပ်နေတဲ့ ယင်းရာထူးကို မိုက်ကယ် ကားရစ်နဲ့ အခြားနည်းပြအဖွဲ့ဝင်တွေကိုသာ အကူအညီတောင်းသွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ Duncan Castles ရဲ့ ရေးသားချက်အရ မော်ရင်ဟိုဟာ အောင်မြင်မှုတွေ ရရှိနေတဲ့ မန်ယူ ယူ-၁၈ အသင်းရဲ့နည်းပြ မက်ကန်နာကို ပထမအသင်းရဲ့ လက်ထောက် နည်းပြအဖြစ် ရာထူးတိုးပေးခဲ့တယ်လို့ သိရပြီး မက်ကန်နာက မိုက်ကယ်ကားရစ်၊ ဆမ်ဒိုးရီးယားကြံ့ခိုင်ရေးနည်းပြဖြစ်ခဲ့တဲ့ စတီဖာနိုရာပတီ တို့နဲ့အတူ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

play

 

မက်ကန်နာဟာ ၂၀၁၆ ခုနှစ်က တော့တင်ဟမ်ဟော့စပါးအသင်းကနေ မန်ယူအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ယူ-၁၈ အသင်းကို ၂ နှစ်ဆက်တိုက် အောင်မြင်မှုတွေရရှိအောင် နည်းပြနိုင်ခဲ့သူဖြစ်ပါတယ်။ မက်ကန်နာဟာ ယူ-၁၈ အသင်းကို တိုက်စစ်အသားပေးပုံစံနဲ့ နည်းပြခဲ့ပြီး တဟစ်ချောင်၊ အိန်ဂျယ်ဂိုးမက်စ်တို့လို တိုက်စစ်အားသန်တဲ့ လူငယ်ကစားသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD