ပရီးမီးယားလိဂ် ပွဲစဉ်၂၇ ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ကစားမယ့် ချဲလ်ဆီးအသင်းနဲ့ ၀က်စ်ဘရွန်းအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ နှစ်ပွဲဆက် ရှုံးနိမ့်ထား တဲ့ ချဲလ်ဆီး နည်းပြ ကွန်တီရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်မယ့် အခြေအနေများစွာ တည်ရှိလို့ နေပါတယ်။

play

 

ကွန်တီဟာ ယခုပွဲမတိုင်မီ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲဆက်ကို ဂိုးပြတ်တွေချည်း ရှုံးနိမ့်ထားတာဖြစ်ပြီး အသင်းဘုတ်အဖွဲ့ က ထုတ်ပယ်ဖို့အထိ ပြင်ဆင်ထားခြင်း ခံရတဲ့ နည်းပြလည်း ဖြစ်ပါတယ်။

play

 

ယနေ့ည(အင်္ဂါနံနက်)မှာ ကစားမယ့် ၀က်စ်ဘရွန်းနဲ့ ပွဲမှာတော့ ချဲလ်ဆီးနည်းပြ နေရာ ဆက်လက်တည်မြဲဖို့ဆိုရင် မဖြစ်မနေ အနိုင်ကစားဖို့ လို နေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဘာကာယိုကိုနဲ့ နောက်ခံလူ ခရစ္စတန်ဆန်တို့ကတော့ ပွဲပယ်နဲ့ ဒဏ်ရာ ပြဿနာတွေကြောင့် ယခုပွဲကို လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဒီနှစ်သင်း ပရီးမီးယားလိဂ်မှာ နောက်ဆုံး (၁၀)ကြိမ် ထိပ်တိုက်တွေ့ဆုံထားမှုအရဆိုရင်တော့ ချဲလ်ဆီးက ပြတ်ပြတ်သားသား အသာစီး ရယူ ထားနိုင်ပြီး ၆ ပွဲနိုင် ၃ ပွဲသရေကျကာ တစ်ပွဲသာ ရှုံးနိမ့်ထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် ၀က်စ်ဘရွန်းအတွက် မှတ်တမ်းဆိုးတွေသာ ပေးလေ့ရှိတဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျရဲ့ သမိုင်းကြောင်းအရလည်း ချဲလ်ဆီးက ယခုပွဲမှာအသာစီး ရယူထားနိုင်တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ ၁၉၇၈ ခုနှစ် စက်တင်ဘာလမှာ ချဲလ်ဆီးအသင်းရဲ့ အိမ်ကွင်းကို လာ ကစားခဲ့စဉ်က ၃-၁ နဲ့ ချဲလ်ဆီးကို အနိုင်ရပြီးနောက်ပိုင်း ချဲလ်ဆီးကွင်းမှာ ၀က်စ်ဘရွန်းတို့ နိုင်ပွဲမရတော့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကို နောက်ဆုံးအနိုင်ရထားတာကလည်း ၁၉၈၃ ခုနှစ်က တွေ့ဆုံခဲ့တဲ့ လိဂ်ဖလား ပွဲစဉ်မှာ ၁-၀ ဂိုးနဲ့ အနိုင်ရထားတာ ဖြစ်ပြီး အဲ့နောက်ပိုင်းချဲလ်ဆီးကို အနိုင်မရတော့တာ ဖြစ်ပါတယ်။

ဒီလို မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ချဲလ်ဆီးအနေနဲ့ ယခုတစ်ကြိမ် အိမ်ကွင်းတွေ့ဆုံမှုမှာ အစစအရာရာ သာလွန်နေပါလျက်နဲ့ အနိုင်မရ ခဲ့ဖူးဆိုရင်တော့ သေချာပေါက် နည်းပြ ကွန်တီ ထုတ်ပယ်ခံရဖို့ များနေတာလည်း ဖြစ်ပါတယ်။

နည်းပြ ကွန်တီအနေနဲ့ နည်းပြ သက်တမ်း တစ်လျှောက် ၂၀၀၉ ခုနှစ်က အီတလီ စီးရီးအေ ကလပ် အတ္တလန္တာ ကလပ်အသင်းကို ကိုင်တွယ်စဉ် က ၃ ပွဲဆက် အရေးနိမ့်ခဲ့ပြီးနောက်ပိုင်း ယခုအချိန်ထိ ၃ ပွဲဆက် အရေးမနိမ့်ဖူးတော့တဲ့ ၉ နှစ်ကြာ စံချိန်ကောင်းကိုလည်း ပိုင်ဆိုင်ထားတာ ကြောင့် ယခုတစ်ကြိမ်မှာ အဆိုပါ စံချိန်ကောင်းကို ဆက်ထိန်းနိုင်မလား ဆိုတာလည်း စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပထမအကျော့ တွေ့ဆုံစဉ်ကတော့ ချဲလ်ဆီးအသင်းက အဝေးကွင်းမှာ ၀က်စ်ဘရွန်းကို ၄-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူထားနိုင်ပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video