AD
AD
AD

နာပိုလီအသင်းရဲ့နည်းပြ မူရီဇီယိုဆာရီဟာ ချယ်ဆီးအသင်းကို နည်းပြဖို့အတွက်နောက်ထပ်ခြေလှမ်းတစ်လှမ်းအနေနဲ့ နာပိုလီအသင်းကနေ ထွက်ခွာခဲ့ပြီဖြစ်ကြောင်း နာပိုလီအသင်းဥက္ကဌအော်ရယ်လီယိုဒီလောရန်တစ်စ်က အတည်ပြုပေးခဲ့ပါတယ်။

play

 

အသက် ၅၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆာရီဟာ နာပိုလီအသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး အသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ဆာရီဟာ ယခုနွေရာသီမှာ အင်္ဂလန်ကို သွားရောက်ဖို့အတွက် အသင်းကနေ ထွက်ခွာမယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့သူဖြစ်ပြီး ယခုအခါမှာတော့ အမှန်တကယ် အသင်းကနေ ထွက်ခွာခဲ့ပြီဖြစ်ကြောင်း နာပိုလီဥက္ကဌက အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

"ကျွန်တော် မူရီဇီယိုဆာရီကို သူ့ရဲ့တန်ဖိုးရှိလှတဲ့ အရာတွေ နာပိုလီအသင်းကို ဖြန့်ဝေပေးခဲ့တာအတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်"

"ဆာရီဟာ နေပယ်ကို ပျော်ရွှင်မှုတွေနဲ့ ဂုဏ်သိက္ခာတွေ ယူဆောင်လာခဲ့ပြီး ကမ္ဘာတလွှားမှာရှိကြတဲ့ နာပိုလီပရိသတ်တွေကို ဘောလုံးပွဲရဲ့ရသကို ဖျော်ဖြေပေးနိုင်ခဲ့တဲ့အတွက် လူတိုင်းရဲ့ချီးမွမ်းမှုကို ရရှိခဲ့သူဖြစ်ပါတယ်။ တော်ပါပေတယ် မူရီဇီယို"လို့ တွစ်တာမှာ ရေးသားထားပါတယ်။

play

 

တစ်ဖက်မှာလည်း ချယ်ဆီးအသင်းရဲ့နည်းပြ ကွန်တီဟာ ချယ်ဆီးအသင်းရဲ့တောင်းဆိုမှုဖြစ်တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖလားကို ကာကွယ်ဖို့နဲ့ ထိပ်ဆုံးလေးနေရာမှာ ရပ်တည်နိုင်ဖို့ဆိုတဲ့ တာဝန်တွေကို မကျေပွန်ခဲ့တာကြောင့် နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေသူဖြစ်ပါတယ်။ ကွန်တီဟာ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ယူပြီး အက်ဖ်အေဖလားကို ရယူပေးနိုင်ခဲ့ပေမယ့် ချယ်ဆီးအသင်းရဲ့ဘုတ်အဖွဲ့နဲ့ရော၊ ကစားသမားတွေနဲ့ပါ ဆက်ဆံရေးမပြေလည်ဖြစ်နေသူဖြစ်ပါတယ်။

play

 

ဆာရီဟာ ၂၀၁၅-၂၀၁၆ ရာသီမှာ အီတလီရဲ့အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့သူဖြစ်ပြီး ယခုရာသီမှာလည်း နာပိုလီအသင်းကို အသင်းသမိုင်းတစ်လျှောက် စံချိန်တင်ရမှတ် ၉၁ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD