AD
AD
AD

ယနေ့ည ၈ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ နယူးကာဆယ်အသင်းနဲ့ ချယ်ဆီးအသင်းတို့ရဲ့ပွဲစဉ်မှာ နယူးကာဆယ်အသင်းက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

play

 

ချယ်ဆီးအသင်းဟာ တိုက်စစ်မှာ ဂီရော့ဒ်ကို အထောင်ထားပြီး ဟာဇက်၊ ရော့စ်ဘာကလေတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်း စတင်ချိန်ကတည်းက တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်တိုက်စစ်ဆင်ခဲ့ကြပြီး နယူးကာဆယ်အသင်းက အိမ်ကွင်းပရိသတ်တွေရဲ့ရှေ့မှာ ချယ်ဆီးအသင်းကို အကောင်းဆုံးပုံစံနဲ့ တုံ့ပြန်ကစားနိုင်ခဲ့ပါတယ်။

play

 

၂၃ မိနစ်မှာ ဒွိုက်ဂေးလ်က နယူးကာဆယ်အသင်းအတွက် အဖွင့်ဂိုးကို စတင်သွင်းယူပေးခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ အဖွင့်ဂိုး ပေးခဲ့ရတဲ့အတွက် ချေပဂိုး ပြန်လည်သွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့် နယူးကာဆယ်အသင်းရဲ့ နောက်ခံကစားသမားတွေက အကောင်းဆုံး ပိတ်ဆို့ထားနိုင်ခဲ့ပါတယ်။

play

play

 

ဒုတိယပိုင်းမှာ အိမ်ရှင် နယူးကာဆယ်အသင်းကပဲ ဖိအားပေးကစားနိုင်ခဲ့ပြီး ၅၉ မိနစ်မှာ ရှယ်ဗေးရဲ့ပေးပို့မှုကနေတစ်ဆင့် အရိုဇေးပီးရက်ဇ်က နယူးကာဆယ်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ၆၃ မိနစ်မှာ အရိုဇေးပီးရက်ဇ်ကပဲ နယူးကာဆယ်အသင်းအတွက် တတိယမြောက်ဦီးဆောင်ဂိုးကို လီဂျွန်းရဲ့ပေးပို့ကနေတစ်ဆင့် အပိုင်ကန်သွင်းယူပြီး ရယူပေးခဲ့ပါတယ်။

play

play

 

ချယ်ဆီးအသင်းဟာ ယနေ့ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို ရှုံးနိမ့်ခဲ့ပြီး အဆင့် ၄ နေရာက လီဗာပူးအသင်းက ဘရိုက်တန်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့တာကြောင့် ထိပ်ဆုံးလေးနေရာ မျှော်လင့်ချက်နဲ့ ဝေးကွာခဲ့ရပြီဖြစ်ပြီး နည်းပြကွန်တီအနေနဲ့ ရာသီကုန်မှာ နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ သေချာသွားစေခဲ့ပြီဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD