AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်အကယ်ဒမီအသင်းရဲ့အဝတ်လဲခန်းအတွင်းမှာ ချိတ်ဆွဲထားတဲ့ မက်ဆီရဲ့ ဓာတ်ပုံနဲ့ပတ်သက်ပြီး အကယ်ဒမီအသင်းရဲ့နည်းပြဖြစ်တဲ့ မန်ယူဂန္တဝင်ကွင်းလယ်ကစားသမားဟောင်း နစ်ကီဘတ်က ရှင်းပြခဲ့ပါတယ်။

play

 

နံရံမှာချိတ်ဆွဲထားတဲ့ဓာတ်ပုံထဲမှာ အာဂျင်တီးနားလက်ရွေးစင်အသင်းဂျာစီကို ဝတ်ဆင်ထားတဲ့ မက်ဆီက ၎င်းရဲ့ဖိနပ်ကို တိုက်နေပြီး ယင်းဓာတ်ပုံကို လူငယ်ကစားသမားတွေအနေနဲ့ စံနမူနာအဖြစ် အတုယူနိုင်စေဖို့အတွက် ချိတ်ဆွဲထားတာလို့ ရှင်းပြခဲ့ပါတယ်။

play

 

ယင်းပုံဟာ ၂၀၁၄ ခုနှစ်က ဝက်စ်ဟမ်းအသင်းရဲ့အိမ်ကွင်းဟောင်း အပ်တန်ပက်ခ်ကွင်းမှာ အာဂျင်တီးနားအသင်းနဲ့ ခရိုအေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားစဉ်က ရိုက်ကူးထားတဲ့ပုံဖြစ်ပြီး လူငယ်ကစားသမားလေးတွေအနေနဲ့ တစ်ချိန်မှာ ကမ္ဘာကျော်ကစားသမားတွေဖြစ်လာပါက ဘဝမမေ့စေရန်၊ မိမိကိုယ်ကိုယ် နှိမ့်ချတတ်ရန်၊ မအောင်မြင်မီက မိမိရဲ့ဖိနပ်ကအစ တိုက်ချွတ်ခဲ့ရတာကို မမေ့လျော့စေရန် ဥပမာအနေနဲ့ ချိတ်ဆွဲထားတာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး မက်ဆီဟာ ပြိုင်ဘက်ကင်းတဲ့ ပါရမီနဲ့ အံ့အားသင့်ရလောက်တဲ့ စည်းစိမ်ဥစ္စာတွေ ပိုင်ဆိုင်ထားပေမယ့် အနှိမ့်ချတတ်ဆုံးကစားသမားတစ်ယောက်ဖြစ်ကြောင်း ပရိသတ်တွေအနေနဲ့ မမျှော်လင့်ဘဲ သိရှိခဲ့ရတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD