EPL: ဆောင်းရာသီကာလအတွက် Nike ရဲ့ အဝါရောင်ဘောလုံးသစ်ကို စတင်အသုံးပြု

တောက်ပတဲ့ အဝါရောင်၊ လိမ္မော်ရောင်၊ ခရမ်းရောင်နဲ့ ပန်းရောင်တို့ ရောစပ်ပြီး ဒီဇိုင်းဖော်ထားတဲ့ ဘောလုံးကို Nike က အသစ်ထုတ်လုပ်ထားပါတယ်။


ယခုနှစ် ဆောင်းရာသီကာလအတွင်း အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်များမှာ အသုံးပြုသွားမယ့် အဝါရောင် ဘောလုံးကို ယခုတစ်ပတ် စနေနေ့ (အောက်တိုဘာ ၂၉ ရက်) အစောဆုံး ယှဉ်ပြိုင်ကစားတဲ့ ဆန်းဒါးလန်းနဲ့ အာဆင်နယ် ပွဲစဉ်မှာ ပထမဆုံး စတင်အသုံးပြုခဲ့ပါတယ်။

 

နှင်းများထူထပ်စွာ ကျရောက်နိုင်တဲ့ ဆောင်းရာသီကာလမှာ ပိုမိုထင်ရှားစွာ မြင်တွေ့နိုင်တဲ့ Nike ရဲ့ Ordem IV Hi-Vis အဝါရောင်ဘောလုံးအသစ်ကို ဆန်းဒါးလန်းနဲ့ အာဆင်နယ်ပွဲမှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်မှာ အာဆင်နယ်က ၄ ဂိုး ၁ ဂိုးဖြင့် အဝေးကွင်းနိုင်ပွဲ ရရှိခဲ့ပါတယ်။

 

တောက်ပတဲ့ အဝါရောင်၊ လိမ္မော်ရောင်၊ ခရမ်းရောင်နဲ့ ပန်းရောင်တို့ ရောစပ်ပြီး ဒီဇိုင်းဖော်ထားတဲ့ ဘောလုံးကို အမေရိကန်အခြေစိုက် Nike ကုမ္ပဏီက အသစ်ထုတ်လုပ်ထားပါတယ်။ မြင်ကွင်းမှုန်ဝါးမှု ဖြစ်နိုင်တဲ့ ဆောင်းရာသီကာလအတွင်း Nike ရဲ့ အဝါရောင်ဘောလုံးက ကစားသမားတွေအတွက် ထင်ရှားစွာမြင်နိုင်မှာ ဖြစ်ပါတယ်။


Nike က ထုတ်လုပ်တဲ့ ဆောင်းရာသီကာလအတွက် အဝါရောင်ဘောလုံးကို အခြား ဥရောပလိဂ်တွေဖြစ်တဲ့ စပိန်လာလီဂါနဲ့ အီတလီစီးရီးအေတို့မှာလည်း လာမယ့် လာမယ့် သီတင်းပတ်များအတွင်း စတင်အသုံးပြုသွားမယ်လို့ ဆိုပါတယ်။


အသစ်ထုတ်လုပ်ထားတဲ့ အဆိုပါ ဘောလုံးကို အောက်တိုဘာ ၂၄ ရက်မှာ စတင်ဝယ်ယူနိုင်ကြောင်းနဲ့ ကစားသမားတွေအတွက် ညပိုင်းပွဲစဉ်များမှာလည်း ကောင်းမွန်စွာ မြင်တွေ့ကစားနိုင်မှာဖြစ်ကြောင်း Nike က ပြောပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ