နယူးကာဆယ်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ အပြီးမှာ မန်ယူနည်းပြ မော်ရင်ဟိုက မန်ယူ အသင်းအတွက် ၁၀ နာရီ အချိန်ရရင်တော့ နယူးကာဆယ်ဖက်ကို ၁ ဂိုး သွင်းနိုင်ဖို့ မလုံလောက်သေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

play
နယူးကာဆယ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးသွင်းယူပေးခဲ့သူ မက် ရစ်ချီရဲ့ အောင်ပွဲခံဟန်

 

မော်ရင်ဟိုရဲ့ မန်ယူအသင်းအနေနဲ့ အဆိုပါ ပွဲမှာ ၁၃ ကြိမ်အထိ ဂိုးကန်သွင်းခွင့်ရခဲ့ကာ ၆ ကြိမ် ဂိုးပေါက်တည့်ခဲ့ ပေမယ့်လည်း တစ်ဂိုးမှ မရရှိခဲ့ပဲ အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

play
မန်ယူအတွက် အခွင့်အရေးကောင်းကိုလွဲချော်ခဲ့သူ ဆန်းချက် စိတ်ပျက်နေစဉ်

 

ယခုလို ရှုံးနိမ့်ခဲ့တာကြောင့်လည်း စိန့်ဂျိမ်းပတ်မှာ မော်ရင်ဟို အရေးနိမ့်တာ ၇ ပွဲအထိ ရှိလာခဲ့ပြီလည်း ဖြစ်ပါ တယ်။

ဒီပွဲမှာ အနိုင်ရရှိခဲ့တဲ့ နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်ဟာလည်း တစ်ချိန်က မော်ရင်ဟိုလိုပဲ ချဲလ်ဆီးအသင်းကို တာဝန်ယူကိုင်တွယ်ဖူးတဲ့ နည်းပြတစ်ဦးဖြစ်ကာ တိရစ္ဆာန်တစ်ကောင်လို ကစားဖို့ ကစား သမားတွေကို ညွှန်ကြားခဲ့တယ်လို့လည်း ထုတ်ဖော်ပြောခဲ့ပါတယ်။

မန်ယူနည်းပြ မော်ရင်ဟိုကတော့-“ ကျွန်တော့်အမြင်အရ ပြောရမယ်ဆိုရင် ဒီပွဲမှာ မန်ယူအတွက် ၁၀ နာရီအ ချိန်ရမယ်ဆိုရင်တောင် နယူးကာဆယ်ဖက်ကို ၁ ဂိုးသွင်းဖို့ မမြင်မိဘူး။” လို့ ပြောဆိုခဲ့ပါတယ်။

ဒီပွဲမှာ မန်ယူ တိုက်စစ်မှူးတွေ အခွင့်အရေးကောင်းတွေ အပိုင်ရခဲ့ကြပေမယ့်လည်း အသုံးမချနိုင်ခဲ့တာကို တွေ့ မြင်ခဲ့ရမှာ ဖြစ်ပြီး ထိပ်ဆုံးက မန်စီးတီးနောက် ၁၆ မှတ်အထိ ကွာဟခဲ့ပြီလည်း ဖြစ်ပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video