AD
AD
AD
play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ လီဗာပူးအသင်းကို အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး ပြုလုပ်ခဲ့တဲ့ကိစ္စကြောင့် နည်းပြ မော်ရင်ဟိုရဲ့ အပြစ်တင်ခြင်းကို ခံနေရပါတယ်။

play

play

play

 

ယင်းပွဲစဉ်မှာ ပေါ့ဂ်ဘာဟာ အရန်ခုံကနေသာ ကြည့်ရှုခဲ့ရပြီး မန်ချက်စတာယူနိုက်တက်အသင်းက ရက်ရှ်ဖို့ဒ်ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ယင်းပွဲစဉ်အပြီး နည်းပြတွေရဲ့ပွဲပြီးပြောစကားအတွက် ဘီဘီစီသတင်းဌာနက မော်ရင်ဟိုကို မေးမြန်းနေချိန်မှာ ပေါ့ဂ်ဘာက လာရောက်ပြီး မော်ရင်ဟိုရဲ့လက်ကိုအတင်းဆွဲပြီး ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ ပေါ့ဂ်ဘာအနေနဲ့ မော်ရင်ဟိုနဲ့ ယင်းကြားမှာ ပြဿနာတစ်စုံတရာမရှိကြောင်း ပြသလိုတဲ့အတွက် ပြုလုပ်လိုက်တာဖြစ်ပေမယ့် မော်ရင်ဟိုက ယင်းလုပ်ရပ်ဟာ လေးစားမှုမရှိတဲ့လုပ်ရပ်လို့ ပြစ်တင်လိုက်တာဖြစ်ပါတယ်။

play

 

play

 

ပေါ့ဂ်ဘာလာရောက်ပြီး လက်ကိုဆွဲယမ်းချိန်မှာ မော်ရင်ဟိုက ကင်မရာရှေ့မှာ ဘာမှမဖြစ်သလို ရယ်မောခဲ့ပေမယ့် ပေါ့ဂ်ဘာနဲ့ နှစ်ကိုယ်ကြား တွေ့ဆုံပြီး ယင်းလုပ်ရပ်နဲ့ပတ်သက်ပြီး စိတ်မကျေမနပ်ဖြစ်နေကြောင်း အသိပေးခဲ့တယ်လို့ သိရပါတယ်။ ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ပွဲထွက်ကစားခွင့် မရရှိဘဲ အရန်ခုံမှာသာ ထိုင်နေရတဲ့ကစားသမားဖြစ်ပြီး နည်းပြမော်ရင်ဟိုရဲ့နည်းစနစ်ကြောင့် မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD