AD
AD
AD

မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ဂွါဒီယိုလာဟာ မန်ချက်စတာစီးတီးအသင်းရဲ့စာချုပ်သစ်ကို သဘောတူလက်မှတ်ရေးထိုးခဲ့တာကြောင့် တစ်နှစ်ကို ပေါင်သန်း ၂၀ အထိ တိုးမြှင့်ရရှိတော့မှာဖြစ်ပြီး လစာအများဆုံးနည်းပြဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

play

 

ဒေးလီးမေရာသတင်းတစ်ရပ်အရ ပက်ဂွါဒီယိုလာဟာ မန်ချက်စတာစီးတီးအသင်းနဲ့ချုပ်ဆိုထားတဲ့ လက်ရှိစာချုပ်ကို တစ်နှစ်ထပ်မံ သက်တမ်းတိုးခဲ့ပြီး လာမယ့် ၂၀၂၀ အထိ အသင်းမှာ ဆက်လက်ရှိနေတော့မယ်လို့ သိရပါတယ်။ ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့လက အဘူဒါဘီမှာ မန်ချက်စတာစီးတီးအသင်းပိုင်ရှင်ဖြစ်တဲ့ ရှိတ်မန်ဆော်နဲ့ အသင်းဥက္ကဌ ခါဒွန်းအယ်မူဘာရတ်တို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ယုံကြည်ရပြီး ဂွါဒီယိုလာက အသင်းမှာ ဆက်လက်ရှိနေဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းနဲ့ အသစ်ချုပ်ဆိုလိုက်တဲ့စာချုပ်အရ နည်းပြ ပက်ဂွါဒီယိုလာဟာ တစ်ရာသီကို ပေါင်သန်း ၂၀ အထိ ရရှိမှာဖြစ်ပြီး လက်ရှိ တစ်ရာသီပေါင် ၁၈ သန်းနဲ့ လစာအများဆုံးနည်းပြဖြစ်တဲ့ တရုတ်လက်ရွေးစင်အသင်းနည်းပြ မာဆယ်လိုလစ်ပီကို ကျော်ဖြတ်ပြီး လစာအများဆုံးနည်းပြအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Source & Photos: SL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD