play

 

လီဗာပူးအသင်းရဲ့တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ PFA(Professional Footballers Association)ကနေ ပေးအပ်တဲ့ နိုဝင်ဘာလအတွက် တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။

Postby

 

မိုဟာမက်ဆာလာဟာ ရိုးမားအသင်းကနေ ပြောင်းရွှေ့ရောက်ရှိလာချိန်ကနေစပြီး လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံ ၁၅ ပွဲ ပါဝင်ကစားပေးထားပြီး ၁၂ ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ PFA ရဲ့တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိဖို့ ရေပန်းစားနေတဲ့ အီဒင်ဟာဇက်နဲ့ အက်ရှ်လေယန်းတို့ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

play

 

မိုဟာမက်ဆာလာဟာ PFA ကနေ ပေးအပ်တဲ့ဆုကို ရရှိဖူးတဲ့ ပထမဆုံး အီဂျစ်နိုင်ငံသား ကစားသမားအဖြစ် သမိုင်းသစ်ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ PFA ရဲ့တစ်လတာအကောင်းဆုံးကစားသမားဆုအတွက် မဲပေးရွေးချယ်ခဲ့ရာမှာ မိုဟာမက်ဆာလာက ၅၄ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

Source & Photos: The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video