AD
AD
AD

ပရီးမီးယားလိဂ်ရဲ့PFA တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအတွက် မဲပေးရွေးချယ်မှု ပြုလုပ်ခဲ့ရာမှာတော့ လီဗာပူးအသင်းမှ အီဂျစ် လက်ရွေးစင် ဆာလာကို vote ပေးခဲ့တယ်လို့ မန်စီးတီး ကစားသမားဒီဘရိုင်းက ဖွင့်ဟ၀န်ခံခဲ့ပါတယ်။

play

 

အမှန်တစ်ကယ်ဆိုရင် ယခု PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ထိပ်ဆုံးက ရေပန်းစားနေတဲ့ ကစားသမား နှစ်ဦးမှာ ဒီဘ ရိုင်းနဲ့ ဆာလာနှစ်ဦးဖြစ်နေပေမယ့်လည်း ဒီဘရိုင်းက ၎င်းရဲ့ ပြိုင်ဖက် ကစားသမားကိုသာ အဆိုပါဆုအတွက် vote ပေးခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဒီဘရိုင်းအနေနဲ့ ယခုဆုအတွက် ဆန်ကာတင်စာရင်းမှာ ထိပ်ဆုံးက ပါဝင်နေတဲ့ ၎င်းရဲ့ အသင်းဖော် ဒေးဗစ်ဆေးလ်ဗားကိုတောင် vote ပေးခဲ့ ခြင်းမရှိပဲ မိမိရဲ့ အဓိက ပြိုင်ဖက် ကစားသမားကိုသာ vote ပေးခဲ့တယ်ဆိုတဲ့ အပေါ် အများက အံ့အားသင့်နေကြတာလည်း ဖြစ်ပါတယ်။

ဆာလာမှာ လီဗာပူးအသင်းကို စတင်ရောက်ရှိခဲ့တဲ့ နွေရာသီက စတင်ပြီးအသင်းအတွက် စုစုပေါင်း ၄၄ ပွဲကစားပေးထားရာမှာ ၃၈ ဂိုးအထိ သွင်းယူပေးထားနိုင်သူလည်း ဖြစ်ပါတယ်။

ယနေ့ညမှာတော့ ဆာလာရဲ့ လီဗာပူးနဲ့ ဒီဘရိုင်းရဲ့ မန်စီးတီးတို့ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

ဒီဘရိုင်းအနေနဲ့ ယခုဆုကို သူနဲ့ပဲ ထိုက်တန်တယ်လို့ ထုတ်ဖော်ပြောထားပေမယ့်လည်း မိမိကိုယ်မိမိ vote ပြန်ပေးလို့မရတဲ့ စနစ်မှာတော့ အခြား ကစားသမားတစ်ဦးကို vote မပေးပဲ အဓိက ပြိုင်ဖက် ဆာလာကိုသာ vote ပေးခဲ့တာလည်း ဖြစ်ပါတယ်။

အခုလို ရွေးချယ်voteပေးခဲ့တာနဲ့ ပတ်သက်ပြီး " ကျွန်တော်ဆာလာကို ပေးခဲ့ပါတယ်။ဘယ်ကစားသမားကို vote ပေးရမလဲဆိုတာ ကောင်း ကောင်းသိနေခဲ့လို့ပါ။အခုနှစ်မှာ ကျွန်တော်ရယ်၊သူရယ်၊ကိန်းရယ် ဒေးဗစ်ဆေးလ်ဗားရယ် ထိပ်ဆုံးက ရေပန်းစားနေပေမယ့် ကျွန်တော်က တော့ သူ့ကိုသာ ပေးခဲ့ပါတယ်။" လို့ ဒီဘရိုင်းက ၀န်ခံခဲ့ပါတယ်။

ဒီဘရိုင်းမှာ ယခုနှစ် ပရီးမီးယာိးလိဂ်တွင် အသင်းအတွက် ၁၂ ဂိုးသွင်းယူပေးထားနိုင်ပြီး ၁၉ ဂိုးအထိ ဂိုးဖန်တီးပေးထားနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

PFA တစ်နှစ်တာအကောင်းဆုံးရဲ့ လက်ရှိ ကစားသမားကတော့ ချဲလ်ဆီးအသင်းမှ ကွင်းလယ်ကစားသမား ကန်တေပဲ ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD