AD
AD
AD

PFA ရဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းကို မနေ့က ထုတ်ပြန်ခဲ့ရာမှာတော့ မန်စီးတီးကစားသမားများ အများဆုံးပါဝင်ခဲ့ပြီးတော့ လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ကွင်းလယ်ကစားသမား ဒီဘရိုင်းနဲ့ ဒေးဗစ်ဆေးဗားလ်၊ နောက်ခံလူတွေဖြစ်ကြတဲ့ အော်တာမန်ဒီနဲ့ ဝေါ်လ်ကာတို့အပြင် တိုက်စစ်မှူး အဂူရိုတို့ ပါဝင်ခဲ့ပြီး ကစားသမား (၅) အထိ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

 

လီဗာပူးလ်အသင်းမှ မိုဟာမက်ဆာလာ နဲ့ စပါးတိုက်စစ်မှူး ဟာရီကိန်းတို့ဟာလည်း တစ်နှစ်တာအကောင်းဆုံးအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဂိုးသမား ဒေးဗစ်ဒီဂီယာတစ်ဦးတည်း ပါဝင်လာခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ ဘယ်အစွန်နောက်ခံလူ အလွန်ဆို နဲ့ အခြားစပါးကစားသမား (၂) ဦးဖြစ်တဲ့ ဗာတွန်ဂန် နဲ့ အဲရစ်ဆင်တို့ ပါဝင်လာခဲ့ပါတယ်။

 

ဒေးဗစ်ဒီဂီယာ  (မန်ချက်စတာယူနိုက်တက်)

play

 

 (၅)နှစ်အတွင်းမှာ ဒီဂီယာဟာ ဒီစာရင်းမှာ (၄)ကြိမ်အထိ ပါဝင်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ခြွင်းချက်မရှိ အကောင်းဆုံး ဂိုးသမားအဖြစ် သက်သေပြနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဥရောပ ထိပ်တန်းလိဂ် (၅)ခုရဲ့ အကောင်းဆုံးဂိုးသမားများစာရင်းမှာ အဆင့်(၃) နေရာမှာ ရပ်တည်နေနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

 

ကိုင်လီဝေါ်ကာ (မန်စီးတီး)

play

 

ဝေါ်ကာကတော့ ပရီးမီးယားလိဂ်မှာ ခြောက်ကြိမ်အထိ ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပြီးတော့ စပါးအသင်းက ခြေစွမ်းထက် ပိုကောင်းတဲ့ အနေအထားကို မန်စီးတီးအသင်းမှာ ပြသနိုင်ခဲ့ပါတယ်။

 

နီကိုလပ်စ်အော်တာမန်ဒီ (မန်စီးတီး)

play

 

အော်တာမန်ဒီကတော့ ဘောလုံးပေးပို့မှုပေါင်း ၂၆၀၀ ကျော်အထိ ပြုလုပ်နိုင်ခဲ့ပြီးတော့ ဒါဟာ အခြားသော ကစားသမားတွေထက် အနည်းဆုံး အကြိမ် ၃၀၀ ပိုမိုများပြားတဲ့ အရေအတွက်လည်း ဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ အားအကိုးရဆုံး နောက်ခံလူတစ်ဦးလည်း ဖြစ်ပါတယ်။

 

ဗာတွန်ဂန် (စပါး)

play

 

စပါးအသင်းရဲ့ ဗဟိုနောက်ခံလူဟာ ဒီရာသီမှာ အသင်းအတွက် ပရီးမီးယားလိဂ် (၁၄)ပွဲကို ပေးဂိုးမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးတော့ အခြားသော စပါးအသင်းရဲ့ ကစားသမားတွေထက် (ဂိုးသမားမပါ) ပိုမိုများပြားခဲ့တာဖြစ်ပါတယ်။ အယ်ဒါဝီရယ်လ်နဲ့တွဲဖက်ပြီး အကောင်းဆုံးခြေစွမ်းပြနိုင်သလို အခြားသော ကစားသမားတွေနဲ့လည်း အတွဲညီညီကစားပြီး ထိပ်တန်းအဆင့်ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။

 

မားကို့စ်အလွန်ဆို (ချယ်လ်ဆီး)

play

 

ဒီရာသီမှာ အလွန်ဆိုရဲ့ သွင်းဂိုးဟာ (၆) ဂိုးအထိ ရှိခဲ့ပြီးတော့ အခြားသောအသင်းမှ ခံစစ်မှူးတွေထက် ပိုမိုများပြားတဲ့ ဂိုးအရေအတွက်ကို အလွန်ဆိုက ပိုင်ဆိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ ဘယ်တောင်ပံတိုက်စစ်အတွက်လည်း မရှိမဖြစ် ကစားသမားဖြစ်ပါတယ်။

 

ဒေးဗစ်ဆေးလ်ဗား (မန်စီးတီး)

play

 

ဆေးလ်ဗားကတော့ မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံးထိန်းကျောင်းပေးနိုင်ခဲ့ပြီး ပြိုင်ပွဲစုံစုစုပေါင်း (၁၄) ကြိမ် ဖန်တီးပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာတော့ သွင်းဂိုး (၈) ဂိုးအထိ ရယူနိုင်ခဲ့ပါတယ်။ ကွင်းလယ်တိုက်စစ်ကစားသမားတွေထဲမှာလည်း ဘောလုံးပေးပို့မှုအများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

 

ဒီဘရိုင်း (မန်စီးတီး)

play

 

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်လူအဖြစ် သတ်မှတ်ခံခဲ့ရသလို တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက်လည်း ဒီဘရိုင်းက ရေပန်းစားနေခဲ့ပါတယ်။ အခွင့်အရေးဖန်တီးပေးနိုင်မှု အကြိမ်ပေါင်း (၁၀၀)ကျော် ရှိခဲ့ပြီးတော့ ဒီရာသီမှာ ဘယ်ကစားသမား ထက်မဆို များပြားတဲ့ အကြိမ်လည်း ဖြစ်ပြီး ကိုယ်တိုင်လည်း သွင်းဂိုး (၁၁)ဂိုး ရယူနိုင်ခဲ့ပါတယ်။

 

အဲရစ်ဆင် (စပါး)

play

 

စပါးအသင်းရဲ့တိုက်စစ်မှူး ဟာရီကိန်းအတွက် အဲရစ်ဆင်ဟာ စုစုပေါင်း (၃၅)ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပြီးတော့ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကွင်းလယ်ကစားသမားစာရင်းမှာ အဲရစ်ဆင်ဟာ ချန်လှပ်ခဲ့လို့မရတဲ့ ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

 

ဟာရီကိန်း (စပါး)

play

 

ပရီးမီးယားလိဂ်မှာ ၂၅ဂိုးနဲ့အထက် ဘောလုံးရာသီ (၃) ရာသီဆက်တိုက် သွင်းယူနိုင်ခဲ့တဲ့ ကစားသမားစာရင်းထဲမှာ ဟာရီကိန်းက ပါဝင်လာခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီရဲ့ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို (၃)ကြိမ်ဆက်တိုက် ရရှိခဲ့တဲ့စံချိန်ကို လိုက်မှီတဲ့ ပထမဆုံးကစားသမားဖြစ်လာဖို့လည်း ဟာရီကိန်းဟာ အနီးစပ်ဆုံးအနေအထားမှာ ရှိနေခဲ့ပါတယ်။ ဒီရာသီ ရွှေဖိနပ်ဆုအတွက်တော့ ဟာရီကိန်းဟာ ဆာလာနဲ့ အပြိုင်အဆိုင် ယှဉ်ပြိုင်နေရပါတယ်။

 

မိုဟာမက်ဆာလာ (လီဗာပူးလ်)

play

 

လီဗာပူးလ်ရဲ့ အကောင်းဆုံးခေါ်ယူမှုအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဆာလာရဲ့ အန်ဖီးလ်ကစားသမားဘ၀ဟာ လှပခြင်းတွေနဲ့ ပြည့်နှက်နေခဲ့ ပါတယ်။ ၂၀၀၇-၀၈ ခုနှစ်က စီရော်နယ်ဒိုရဲ့ တစ်ရာသီအတွင်းပြိုင်ပွဲစုံ သွင်းဂိုး၄၀ သွင်းယူခဲ့မှုကို ဆာလာက လိုက်မှီနိုင်ခဲ့တဲ့ ပထမဆုံ့း ပရီးမီးယားလိဂ်ကစားသမားဖြစ်လာခဲ့ပြီးတော့ လီဗာပူးလ်အသင်းရဲ့ လိဂ်ဂိုးရရှိမှုမှာ ဆာလာက ရာခိုင်နှုန်းထက်ဝက်ကျော်အထိ ပါဝင်ပတ်သတ်နေခဲ့ပါတယ်။

 

ဆာဂျီယိုအဂူရို (မန်စီးတီး)

play

 

အဂူရိုအတွက်တော့ တစ်နှစ်တာအကောင်းဆုံးအသင်းမှာ ပထမဆုံးအကြိမ်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ အင်္ဂလန်ပရီးမီးယားလိဂ် ကစားသမားဘ၀ (၇) နှစ်အကြာမှာ ရွေးချယ်ခံခဲ့ရတာဖြစ်ပြီးတော့ အဂူရိုဟာ ခေါင်းတိုက်ဂိုး (၅)ဂိုး၊ ညာခြေနဲ့ (၁၅)ဂိုး၊ ဘယ်ခြေနဲ့ တစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဘယ်ခြေညာခြေနဲ့သာမက ခေါင်းတိုက်ဂိုးသွင်းစွမ်းရည်လည်း ပြည့်ဝတဲ့ တိုက်စစ်မှူးအဖြစ် သက်သေပြနိုင်ခဲ့ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD