AD
AD
AD

နှစ်စဉ် ပေးအပ်ချီးမြှင့်လေ့ရှိတဲ့ PFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင် ၁၀ ဦးစာရင်းမှာ ထွက်ရှိလို့ လာခဲ့ပါပြီ။

play

 

ယခုနှစ်မှာတော့ မနှစ်က အကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့ ကန်တေ ပြန်လည် ပါဝင်လာနိုင်တော့ခြင်းမရှိပဲ ၎င်းပါဝင်ကစားနေတဲ့ ချဲလ်ဆီး အသင်းကလည်း ဟာဇက်တစ်ဦးတည်းသာ ဒီစာရင်းမှာ ပါဝင်လို့ လာခဲ့ပါတယ်။

play

 

ဒီဆုကို ၁၉၇၃-၇၄ ခုနှစ်မှ စတင်ပြီး နှစ်စဉ်ပေးအပ်ခဲ့ကာ ပထမဆုံး ရရှိခဲ့တဲ့ ကစားသမားကတော့ လိဒ်ယူနိုက်တက်အသင်းမှ နော်မယ် ဟန်တာ ဖြစ်ပါတယ်။

play

 

ဒီဆုကို အင်္ဂလန်ပရီးမီးယားလိဂ်မှ ခြေစွမ်းထူးချွန်တဲ့ကစားသမားများထဲမှ ရွေးချယ် ပေးအပ်သွားတာ ဖြစ်ပြီး အခြားဆုများအဖြစ် အားကစား စာရေးဆရာတွေက ပေးအပ်တဲ့ (FWA)ဆု၊ပရိသတ်တွေက ပေးအပ်တဲ့ (FPY)ဆု၊နဲ့ လူငယ်အကောင်းဆုံးကစားသမားဆု (YPY)တို့ကိုပါ ပေး အပ်ချီးမြှင့်လေ့ရှိပါတယ်။

play

 

ဒီနှစ်မှာတော့ အင်္ဂလန်ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်လာသူတွေကတော့ လီဗာပူးမှ ဖာမီနို နဲ့ ဆာလာ၊ချဲလ်ဆီးမှ ဟာဇက်၊မန်ယူမှ ဒီဂီယာ၊စပါးမှ ကိန်းနဲ့ မန်စီးတီးမှ စတားလင်း၊အဂူရို၊ဒေးဗစ်ဆေးလ်ဗား၊ဆာနေးနဲ့ ဒီဘရိုင်းတို့ ဖြစ်ပါ တယ်။

play

 

ဒီဆုကို အများဆုံး ရယူထားနိုင်တဲ့ နိုင်ငံကတော့ အင်္ဂလန်နိုင်ငံမှ ဖြစ်ပြီး စုစုပေါင်း ၁၆ ကြိမ်အထိ ဆွတ်ခူးထားနိုင်တာကိုလည်း သိရှိရပြီး ဝေးလ် မှ ၆ကြိမ် ပြင်သစ်မှ ၅ ကြိမ်နဲ့ အများဆုံး ရယူထားကြပါတယ်။

ဒါ့အပြင် အများဆုံး ဆွတ်ခူးနိုင်တဲ့ ကလပ်အသင်းမှာတော့ မန်ယူအသင်းက ၁၁ ကြိမ်နဲ့ အများဆုံး ဖြစ်ပြီး လီဗာပူးက ၆ ကြိမ်၊စပါး၊အာဆင်နယ် အသင်းတို့က ၅ ကြိမ်စီနဲ့ အများဆုံး ဆွတ်ခူးထားကြပြန်ပါတယ်။

PFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကိုတော့ လာမယ့် ဧပြီလ အတွင်းပေးအပ်သွားဖွယ်ရှိပြီး လက်ရှိ ရွေးချယ်ခံထားရတဲ့ ဆန်ကာ တင် ၁၀ ယောက်စာရင်းမှ မည်သည့်ကစားသမား ရရှိသွားမယ်ဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရမှာလည်း ဖြစ်ပါတယ်။

Source- Daily Star

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD