AD
AD
AD

ယခုတစ်ပတ်မှာတော့ နိုင်ငံတကာခြေစမ်းပွဲများအပြီး ဥရောပလိဂ်ပွဲစဉ်များကို ပြန်လည်စတင်ကစားတော့မှာလည်း ဖြစ်ပါတယ်။ ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေကတော့ ပွဲစဉ် ၃၂ ကို ရောက်ရှိလာပြီ ဖြစ်ပြီး စနေနေ့ညရဲ့ အစောဆုံးပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ လီဗာပူးအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာလည်း ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်တွေအတွက် ပွဲကြို ခန့်မှန်းချက်များကိုတော့ အင်္ဂလန်ရဲ့ နာမည်ကြီး အားကစားသုံးသပ်သူ ပေါလ်မာဆင်က သုံးသပ်ထားပြီး ၎င်းရဲ့ ပွဲကြို ခန့်မှန်းပြောစကားများကို DuwunSports ပရိသတ်ကြီးအတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

play

 

ခရစ္စတယ်ပဲလေ့စ် - လီဗာပူး (မြန်မာစံတော်ချိန် ည ၆ နာရီ)

ဒီပွဲမှာတော့ ကျွန်တော့်ရဲ့ စိတ်ထဲက သတ်မှတ်ပေးထားတဲ့ ဘောလုံးမရှိတဲ့အချိန်မှာရော ဘောလုံးရှိတဲ့အချိန်မှာပါ အကောင်းဆုံး တိုက်စစ် သမား ဆာလာကို ပဲလေ့စ်နောက်တန်း ဘယ်လိုထိန်းချုပ်နိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ကျွန်တော်ကတော့ဒီပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်း ဟက်ဒါဖီးလ်ကို အနိုင်ယူခဲ့တုန်းကလိုတော့ ကစားလို့ရမှာ မဟုတ်ပါဘူး။သူတို့အသင်းက ကောင်းမွန်တယ်ဆိုပေမယ့် နောက်တန်းမှာပဲ ကောင်းတာပါ။လီဗာပူးကသာ အမြန်ဆုံးရလဒ်ကိုပြောင်းသွားနိုင်မယ်လို့ ခန့်မှန်းချင်ပါတယ်။

ခန့်မှန်းရလဒ် ၁-၃

ဘရိုက်တန် - လက်စတာ(မြန်မာစံတော်ချိန် ၈နာရီခွဲ)

ဘရိုက်တန်က အိမ်ကွင်းမှာပေမယ့် လက်စတာရဲ့ မာရက်ဇ်နဲ့ ဗာဒီကိုတော့ အခွင့်အရေးတွေ ပေးရဖို့ရှိနေပါတယ်။ကျွန်တော့်အထင်ကတော့ ဒီ ပွဲက သရေကျသွားတာ နှစ်သင်းစလုံးအတွက် မျှတမယ်လို့ ခံယူထားပါတယ်။

အက်ဖ်အေဖလားက ထွက်ခဲ့ရတဲ့ လက်စတာအတွက် ယခုပွဲစဉ်က ဘရိုက်တန်ထက် ပိုပြီး ပြင်းထန်နေပါလိမ့်မယ်။လက်ကျန်ပွဲအရ ဘရိုက်တန်က အဆင့် ၁၂ မှာဆိုပေမယ့် တန်းဆင်းဇုန်နဲ့တော့ လွတ်လွတ်ကျွတ်ကျွတ်မရှိသေးပါဘူး။ဒါကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်လာဖို့တော့ ရှိပါတယ်။

ခန့်မှန်းရလဒ် ၁-၁

မန်ယူ - ဆွမ်ဆီး(မြန်မာစံတော်ချိန် ည ၈ နာရီခွဲ)

ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့ မန်ယူအနေနဲ့ အဆင့်၂ နေရာကို ဆက်လက်ဆုပ်ကိုင်ထားဖို့ဆိုရင် ဒီပွဲမှာလည်း အနိုင်ကစားထားဖို့လိုအပ်နေပါ တယ်။ ဒီနှစ်မှာ မန်ယူအသင်းကို ကျွန်တော်လုံးဝ အားရစရာ ပွဲတစ်ပွဲမှ မတွေ့ထားသေးပါဘူး။အရင်လို ၅-၀ ဂိုးတို့ ၆-၀ ဂိုးတို့ပွဲတွေ မမြင်တွေ့ရတော့ ပါဘူး။

play


ကျွန်တော်ကတော့ဒီပွဲမှာ ပေါ့ဂ်ဘာ ပြန်ပါလာမယ်လို့မြင်နေပါတယ်။ ပေါ့ဂ်ဘာအနေနဲ့ နိုင်ငံအသင်းမှာ တိုက်စစ်ကစားပေးခဲ့တာကြောင့်လည်း ၎င်းရဲ စိတ်ကြိုက်နေရာအတွက် တိုက်ပွဲက မအောင်မြင်နိုင်ဘူးလို့ ယူဆမိပါတယ်။ဒီပွဲမှာ ပေါ့ဂ်ဘာ ပွဲထွက်လာမယ်ဆိုရင်တော့ ကျွန်တော် အတော်လေး အံ့အားသင့်မိမယ်ဆိုတာတော့ အရိုးသားဆုံး ၀န်ခံပါရစေ။

ခန့်မှန်းရလဒ် ၂-ဝ

နယူးကာဆယ် - ဟက်ဒါဖီးလ်(မြန်မာစံတော်ချိန် ည ၈ နာရီခွဲ)

ခရစ္စတယ်ပဲလေ့စ်အသင်းကို ရှုံးနိမ့်ခဲ့တုန်းက ဟက်ဒါဖီးလ်က အတော်လေး တိုက်စစ်ညံ့ခဲ့တာကိုတွေ့ရပါတယ်။ နယူးကာဆယ်အသင်းရဲ့ အိမ်ကွင်းမှာလည်း ဟက်ဒါဖီးလ်အတွက် အတော်လေး ခက်ခဲနေအုံးမှာပါ။

သေချာာတကတော့ ကျွန်တော်ဟက်ဒါဖီးအတွက် စိတ်လှုပ်ရှားနေမိပါတယ်။ဒီပွဲက တန်းဆင်းဇုန်ထဲမကျဖို့အရေး အကောင်းဆုံးပွဲတစ်ပွဲအဖြစ် နှစ်သင်းစလုံးအတွက် ရှိနေပေမယ့် အဝေးကွင်းဆို တိုက်စစ်ညံ့တဲ့ ဟက်ဒါဖီးလ်ကို နယူးကာဆယ် အနိုင်ကစားသွားမယ်လို့ မြင်မိပါတယ်။

ခန့်မှန်းရလဒ် ၂-ဝ

ဝက်ဖို့ဒ် - ဘုန်းမောက်(မြန်မာစံတော်ချိန် ည ၈ နာရီခွဲ)

ဒီပွဲကတော့ သွင်းဂိုးတွေ အပြန်အလှန်မြင်တွေ့ရဖို့ ရှိနေပါတယ်။ဒါပေမယ့် ကျွန်တော်ကတော့ အိမ်ရှင်နဲ့ပဲ အတူရပ်တည်ချင်ပါတယ်။ ဒီလိဂ်က အရမ်းခက်ခဲတဲ့ လိဂ်တစ်ခုပါ။တစ်ကယ်လို့ အိမ်ကွင်းမှာ ၃ ပွဲလောာက်နိုင်ပြီးရင်တော့ ၄ ပွဲမြောက်အနိုင်ရဖို့ကလည်း မခက်တော့ပါဘူး။ကျွန် တော်ကတော့ ၀က်ဖို့ဒ်ပဲ အနိုင်ရမယ်လို့ သုံးသပ်ချင်ပါတယ်။

ခန့်မှန်းရလဒ် ၂-၁

ဝက်စ်ဘရွန်း - ဘန်လေ(မြန်မာစံတော်ချိန် ည ၈နာရီခွဲ)

ဝက်စ်ဘရွန်းကတော့ အမှတ်ပေးဇယားအဆင့် ၂၀ မှာရောက်ရှိနေတဲ့အသင်းပါ။ဒါကသူတို့အသင်း အဓိက ဖြေရှင်းရမယ့် ပြဿနာပါ။ ပွဲစဉ် ၃၁ ပွဲကစားပြီးချိန်မှာ ၃ပွဲသာ အနိုင်ရရှိထားတာလည်း ဖြစ်ပါတယ်။

နောက်ဆုံး ၈ ပွဲမှာ ပထမဆုံးနိုင်ပွဲရဖို့ကလည်း မဖြစ်နိုင်ပါဘူး။ကျွန်တော်ကတော့ ၀က်စ်ဘရွန်း ရှုံးပွဲဆက်အုံးမယ်လို့ မြင်မိပါတယ်။

ခန့်မှန်းရလဒ် ၀-၁

ဝက်စ်ဟမ်း - ဆောက်သမ်တန် (မြန်မာစံတော်ချိန် ည ၈ နာရီခွဲ)

ဒီပွဲက မိနစ် ၃၀ ပဲ စောင့်ကြည့်ရမယ့်ပွဲပါ။မိနစ် ၃၀ ကျော်လို့မှ ၀က်စ်ဟမ်း ဂိုးမသွင်းနိုင်ဘူးဆိုရင် ကျွန်တော်ကတော့ ဒီပွဲမှာ ၀က်စ်ဟမ်း ဂိုး သွင်းနိုင်တော့မယ်လို့ မမြင်မိပါဘူး။

play


နောက်တစ်ချက်က ၀က်စ်ဟမ်းပရိသတ်တွေကိုပါ။ဘန်လေကို အိမ်ကွင်းမှာရှုံးပြီးနောက် ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေက ၀က်စ်ဟမ်းကို ရိုက်ခတ် နေဆဲလို့ မြင်ပါတယ်။ ဆောက်သမ်တန်အတွက်ကတော့ နည်းပြ မတ်ခ်ျဟုကို ကြိုက်ပါတယ်။ ဒီပွဲမှာ သူတို့ မရှုံးအောင်ကစားနိုင်တယ်လို့ မြင်နေ ပါတယ်။

ခန့်မှန်းရလဒ် ၁-၂

အဲဗာတန် - မန်စီးတီး (မြန်မာစံတော်ချိန် ည ၈ နာရီခွဲ)

မန်စီးတီးကို အိမ်ကွင်းမှာ အကောင်းဆုံး ကစားနိုင်မယ်လို့ မြင်နေ ပေမယ့် ဘယ်လို အကောင်းဆုံး ဟန်တားမလဲဆိုတာ စိတ်ဝင်စားနေပါတယ်။ အဲဗာတန် ပွဲကို အကောင်းဆုံး ကိုင်တွယ်နိုင်မယ်လို့တော့မမြင်မိပါဘူး။သူတို့အနေနဲ့ ကောင်တာဘောလုံးတွေကိုသာ အားပြု ကစားရဖို့ရှိနေပါ တယ်။

သူတို့ရဲ့ အသင်းကြီးတွေနဲ့ ကစားခဲ့တဲ့အဝေးကွင်းပွဲစဉ်တွေမှာလည်း ခံစစ်ကို အားပြုခဲ့တာကိုတွေ့ရပါတယ်။ဒါပေမယ့်လည်း ရှုံးနိမ့်ခဲ့တာပါပဲ။ ဒီပွဲမှာ အဲဗာတန် တစ်ခုခုလုပ်ပြနိုင်ရင်တော့ ကျွန်တော် ရှော့ခ်ရမိမှာပါ။

ခန့်မှန်းရလဒ် ၀-၂

ယခုဖော်ပြပေးခဲ့တဲ့ ယခုတစ်ပတ်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၃၂)အတွက် ခန့်မှန်းချက်များမှာ အင်္ဂလန်နာမည်ကြီးအားကစားသုံးသပ်သူ ပေါလ်မာဆင်ရဲ့ သုံးသပ်ချက်များသာဖြစ်ပြီး DuwunSportsရဲ့ အာဘော်များလုံးဝ(လုံးဝ) ပါဝင်ခြင်းမရှိပါ။

Source: Sky Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD