AD
AD
AD

ယခုအပတ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေအားလုံး ပြီးဆုံးသွားချိန်မှာ သက်ဆိုင်ရာအသင်းကိုယ်စီအတွက် အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်ခဲ့တဲ့ ကစားသမား ၁၁ ယောက်ကို ရွေးချယ်ထားတဲ့ ပရီးမီးယားလိဂ်ရဲ့တစ်ပတ်တာ အကောင်းဆုံးအသင်း ထွက်ပေါ်လာခဲ့ပါပြီ။

 

ဘန်ဖော်စတာ(ဝက်စ်ဘရွန်း)

play

မန်ချက်စတာယူနိုက်တက်အသင်းရဲ့အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဝက်စ်ဘရွန်းအသင်းရဲ့ ဂိုးသမား ဘန်ဖော်စတာဟာ ဂိုးကာကွယ်မှု ၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

 

အလက်ဇန္ဒားအာနိုး(လီဗာပူး)

play

 

ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ လူငယ်နောက်ခံကစားသမား အလက်ဇန္ဒားအာနိုးဟာ အခွင့်အရေး ၄ ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့ပြီး လီဗာပူးအသင်းရဲ့ ဘယ်ကစားသမားကမှ အလက်ဇန္ဒားအာနိုးရဲ့ အခွင့်အရေးဖန်တီးမှုကို လိုက်မမီခဲ့ပါဘူး။ ယင်းပွဲစဉ်မှာ မိုဟာမက်ဆာလာ သွင်းယူခဲ့တဲ့ဂိုးကိုလည်း အလက်ဇန္ဒားအာနိုးက ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

 

လော့ဗ်ရန်(လီဗာပူး)

play

 

လော့ဗ်ရန်ဟာ ဘောလုံးပေးပို့မှု စုစုပေါင်း ၉၇ ကြိမ် ပြုလုပ်ခဲ့ပြီး ၉၀.၇ ရာခိုင်နှုန်း အောင်မြင်ခဲ့ပါတယ်။ အခြားလီဗာပူးကစားသမားတွေ အားလုံးထက် ဘောလုံးပေးပို့မှု ပိုမိုပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

 

လာပို့တ်(မန်ချက်စတာစီးတီး)

play

 

စနေနေ့က တော့တင်ဟမ်ဟော့စပါးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ လာပို့တ်ဟာ ကြားဖြတ်နှောင့်ယှက်မှု ၅ ကြိမ်၊ ပေးပို့မှု ၈၂ ကြိမ်နဲ့ ဘောလုံးထိတွေ့မှု ၉၉ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

 

ကီရန်ဂစ်ဘ်(ဝက်စ်ဘရွန်း)

play

 

ဘယ်နောက်ခံကစားသမား ကီရန်ဂစ်ဘ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ကြားဖြတ်နှောင့်ယှက်မှု ၅ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ဘယ်ကစားသမားကမှ ကီရန်ဂစ်ဘ်ထက် ပိုမိုပြုလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။

 

ဝစ်ဂ်ျနယ်ဒန်(လီဗာပူး)

play

 

ဘုန်းမောက်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဝစ်ဂ်ျနယ်ဒန်ဟာ ပြိုင်ဘက်ကစားသမားတွေဆီက ဘောလုံးလုယူမှု ၄ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ဘောလုံးပေးပို့မှု ၄၂ ကြိမ်စလုံး အောင်မြင်ခဲ့ပါတယ်။

 

မီလီဗိုဂျီဗစ်(ခရစ်စတယ်ပဲလေ့စ်)

play

 

ဘရိုက်တန်အသင်းကို အနိုင်ရရှိဖို့အတွက် အရေးကြီးတဲ့ ဇာဟာရဲ့ဒုတိယမြောက်ဂိုးကို ဖန်တီးပေးခဲ့သလို ဘောလုံးပေးပို့မှု ၅၅ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

 

အဲရစ်ဆင်(တော့တင်ဟမ်ဟော့စပါး)

play

 

ပြီးခဲ့တဲ့စနေနေ့က မန်ချက်စတာစီးတီးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို သွင်းယူပေးခဲ့ပြီး နောက်ဆုံး ၄ ပွဲမှာ ၅ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ ယင်းအရေအတွက်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းအတွက် ဆက်တိုက်ဂိုးအများဆုံးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

 

ဟာဇက်(ချယ်ဆီး)

play

 

ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ တစ်ဖက် ၂ ဂိုးစီ ညီမျှစေမယ့်ဒုတိယမြောက်ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ချယ်ဆီးအသင်းအတွက် ၆၉ ဂိုးမြောက် သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဟာဇက်ရဲ့အထက်မှာ လမ်းပတ်နဲ့ ဒရော့ဘာတို့က ၁၄၇ ဂိုး၊ ၁၀၄ ဂိုးနဲ့ ရပ်တည်နေပါတယ်။

 

ဂီရော့ဒ်(ချယ်ဆီး)

play

 

ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ် ဒုတိယပိုင်း ၆၁ မိနစ်မှာ လူစားဝင်ကစားပေးခဲ့တဲ့ ဂီရော့ဒ်ဟာ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုး ၂ ဂိုးကို သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ လူစားဝင်ကစားပြီး ၁၉ ကြိမ်အထိ ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဂီရော့ဒ်ရဲ့အထက်မှာ ဂျာမိန်းဒီဖိုးက ၂၄ ကြိမ်နဲ့ ရပ်တည်နေတာဖြစ်ပါတယ်။

 

ဇာဟာ(ခရစ်စတယ်ပဲလေ့စ်)

play

 

ဘရိုက်တန်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ဟာ အဖွင့်ဂိုးနဲ့ အနိုင်ဂိုး ၂ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ဇာဟာအတွက် ပရီးမီးယားလိဂ်မှာ တစ်ပွဲတည်း ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးပွဲစဉ်ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပထမဆုံး ခေါင်းတိုက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD