play

 

ပြီးခဲ့တဲ့ဇန်နဝါရီလအပြောင်းအရွှေ့ကာလမှာ အလှုပ်ခတ်ဆုံးအပြောင်းအရွှေ့အနေနဲ့ အာဆင်နယ်အသင်းရဲ့တောင်ပံကစားသမား အလက်ဆစ်ဆန်းချက်ဇ် မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဆန်းချက်ဇ်ဝတ်ဆင်ဖို့ ရွေးချယ်ခဲ့တဲ့ ကျောနံပါတ် ၇ ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နောက်ဆုံး ၃လအတွင်း စံချိန်တင်ရောင်းချခဲ့ရတဲ့ကျောနံပတ်ဖြစ်လာတယ်လို့ သိရပါတယ်။

play

 

အလက်ဆစ်ဆန်းချက်ဇ်ရဲ့ကျောနံပါတ် ၇ ဟာ အသင်းဖော်ပေါ့ဂ်ဘာရဲ့ အရောင်းရဆုံးကျောနံပတ်ကို ဒုတိယနေရာထိ ကျဆင်းစေခဲ့တဲ့အထိ ရောင်းအားကောင်းခဲ့တယ်လို့ သိရပါတယ်။

play

 

စပါးအသင်းရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းဝတ်ဆင်တဲ့ ကျောနံပါတ် ၁၀ ဟာ ပရီးမီးယားလိဂ်ရဲ့အရောင်းရဆုံးကျောနံပါတ်စာရင်းမှာ အဆင့် ၃ နေရာမှာရပ်တည်နေပါတယ်။ ဟယ်ရီကိန်းဟာ မကြာသေးမီကမှ တော့တင်ဟမ်ဟော့စပါးအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့တဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။

play

 

လီဗာပူးအသင်းက ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူခဲ့တဲ့ ဗာဂျေးလ်ဗန်ဒိုက်ရဲ့ကျောနံပါတ် ၄ ဟာ အဆင့် ၁၆ နေရာကို ချိတ်ခဲ့ပြီး အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ မစ်ခီတာယန်ရဲ့ကျောနံပါတ် ၇ ကတော့ အဆင့် ၁၉ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

play

play

play

 

အရောင်းရဆုံးကျောနံပါတ် ၂၀ စာရင်း

၁။ အလက်ဆစ်ဆန်းချက်ဇ်

၂။ ပေါ့ဂ်ဘာ

၃။ ဟယ်ရီကိန်း

၎။ မိုဟာမက်ဆာလာ

၅။ အီဒင်ဟာဇက်

၆။ ကော်တင်ဟို

၇။ ဒီဘရိုင်း

၈။ အိုဇေးလ်

၉။ ဖာမီနို

၁၀။ အီဘရာဟီမိုဗစ်

၁၁။ လာကာဇက်

၁၂။ အဂူရို

၁၃။ လူကာကူ

၁၄။ ဒီဂီယာ

၁၅။ ဆွန်ဟောင်မင်

၁၆။ ဗန်ဒိုက်

၁၇။ ဒဲလ်အယ်လီ

၁၈။ ရက်ရှ်ဖို့ဒ်

၁၉။ မစ်ခီတာယန်

၂၀။ အဲရစ်ဆင်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video