AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ယခုရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပြီး နည်းပြမော်ရင်ဟိုရဲ့နည်းစနစ်ကြောင့် မပျော်မရွှင်ဖြစ်နေသူဖြစ်ပါတယ်။

play

 

မားကပ်စ်ရက်ရှ်ဖို့ဟာ ပြီးခဲ့တဲ့လက လီဗာပူးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုးစလုံးသွင်းယူပေးခဲ့တဲ့ ကစားသမားဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပွဲစဉ် ၄ ပွဲမှာ ၁ ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက အာဆင်နယ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အလက်ဆစ်ဆန်းချက်ဇ်ကြောင့် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ပြီး အသင်းမှာမပျော်မရွှင်ဖြစ်နေသူဖြစ်ပါတယ်။

play

 

လက်ရှိအချိန်မှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေပေမယ့် မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို နည်းပြမော်ရင်ဟို စတင်ကိုင်တွယ်တဲ့အချိန်ကစပြီး လက်ရှိအချိန်အထိ ၉၇ ပွဲ ပွဲထွက်ကစားခွင့်ရရှိထားပြီး အခြားအသင်းဖော်တွေထက်ပိုပြီး ပွဲထွက်ကစားခွင့်ရရှိထားတာဖြစ်ပါတယ်။

"ကျွန်တော် အဲဒါကို မမြင်ရသေးခင်က သတိတောင်မထားမိပါဘူး။ အဲဒါက ဂုဏ်ယူရမယ့် အရာတစ်ခုပါ"

"ဒါပေမယ့် ကျွန်တော်တို့အားလုံး အမြဲတမ်းပိုပြီးလိုချင်နေတယ်။ ပိုပြီးတော့ တစ်ဦးချင်းအနေနဲ့ရော အသင်းလိုက်ပါ တိုးတက်မှုတွေကို ပြသချင်နေပါတယ်။ အဲဒီအတွက် နံပါတ်တွေက ရလဒ်လောက် ကျွန်တော့်အတွက် အရေးမပါပါဘူး"

"ခင်ဗျားက ခင်ဗျားအတွက်မဟုတ်ဘဲ အသင်းအတွက် ကစားပေးနေရတာလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် လူအားလုံးအတွက်ကျတော့ ခင်ဗျားကြောင့် အိပ်မက်တွေ ဆက်ရှင်သန်နေရတာပါ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD