AD
AD
AD

ယနေ့ည(မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့ နံနက်)မှာ မန်ယူအသင်းနဲ့ ဆီဗီလာအသင်းတို့ဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ဒုတိယအ ကျော့ ပွဲစဉ်အဖြစ် မန်ယူအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

play

 

ပထမအကျော့ ဆီဗီလာအသင်းရဲ့ အိမ်ကွင်းမှာ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲမှာ မန်ယူအသင်းကို အကောင်းဆုံး လက်စွမ်းတွေနဲ့ ကာကွယ်ပေးခဲ့တဲ့ ဂိုးသမား ဒီဂီယာကို စပိန်ကလပ် ဆီဗီလာအသင်းက အွန်လိုင်းမှတဆင့် အသိပေးမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

play

 

ဒီဂီယာအနေနဲ့ ပထအကျော့ ဆီဗီလာအိမ်ကွင်းမှာ ဆီဗီလာ ကစားသမားတွေ ဖြစ်တဲ့ ကော်ရီယာ၊အန်ဇိုဇီတို့ရဲ့ အပိုင်ဂိုးသွင်းမှုတွေကို အံ့သြ ဖွယ် လက်စွမ်းတွေနဲ့ ကာကွယ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဒုတိယအကျော့အဖြစ် ပြန်လည် ကစားရမယ့် ယခုပွဲစဉ်မတိုင်မီမှာတော့ စပိန်ကလပ် ဆီဗီလာအသင်းက စပိန်လက်ရွေးစင် ဂိုးသမား တစ်ဦးဖြစ် တဲ့ ဒီဂီယာကို Twitter ကနေတဆင့် အသိပေးစာတစ်စောင်ပေးပို့ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဆီဗီလာအသင်းပေးပို့ခဲ့တဲ့ စာကတော့ -" ဟေး ဒီဂီယာ၊ မင်းရဲ့အကောင်းဆုံးလက်စွမ်းတွေကို လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲအထိ ထိန်းသိမ်းပေး ထားပါ။" လို့ ရေးသားပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD