AD
AD
AD

လီဗာပူးအသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ ယခုရာသီမှာ လီဗာပူးအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသနေတဲ့ ကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၈ ဂိုးနဲ့ ထိပ်ဆုံးကနေ ရပ်တည်နေသူဖြစ်ပါတယ်။

play

 

မိုဟာမက်ဆာလာဟာ ပြိုင်ပွဲစုံ ၃၆ ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၁၂ ကြိမ်အထိ ပြုလုပ်ထားသူလည်းဖြစ်ပါတယ်။ မိုဟာမက်ဆာလာဟာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ထိပ်ဆုံးမှာ ရပ်တည်သလို ဂိုးကန်သွင်းခွင့်အလွဲဆုံးဆိုတဲ့နေရာမှာလည်း ထိပ်ဆုံးကနေရပ်တည်နေပါတယ်။

play

 

ပရီးမီးယားလိဂ်ရဲ့ ဂိုးကန်သွင်းခွင့်အလွဲဆုံးကစားသမားစာရင်းမှာ မိုဟာမက်ဆာလာဟာ ၁၉ ကြိမ်နဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေပြီး ဒုတိယနေရာနဲ့ တတိယနေရာမှာ ဘန်တီကီနဲ့ ဟယ်ရီကိန်းတို့က အသီးသီးရပ်တည်နေတာဖြစ်ပါတယ်။ မိုဟာမက်ဆာလာရဲ့ ကန်သွင်းချက်တိကျမှုကို ကိန်းဂဏန်းနဲ့တွက်ချက်ရာမှာ ၄၅ ရာခိုင်နှုန်းသာရှိနေတာကို တွေ့ရပါတယ်။

Source: EPL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD