AD
AD
AD

စနေနေ့ည ၁၂ နာရီက ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ ဝက်ဖို့ဒ်အသင်းတို့ရဲ့ပွဲစဉ်မှာ လီဗာပူးအသင်းက ၅ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

play

 

ယင်းပွဲစဉ်မှာ လီဗာပူးအသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ မိုဟာမက်ဆာလာဟာ ၄ မိနစ်၊ ၄၃ မိနစ်၊ ၇၇ မိနစ်နဲ့ ၈၅ မိနစ်တို့မှာ တစ်ဦးတည်း ၄ ဂိုးသွင်းယူနိုင်ခဲ့ပြီး စုစုပေါင်းပရီးမီးယားလိဂ်သွင်းဂိုး ၂၈ ဂိုးနဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဟယ်ရီကိန်းကို ကျော်ဖြတ်ပြီး ရပ်တည်နိုင်ခဲ့ပါတယ်။ ယင်းအပြင် လီဗာပူးအသင်းအတွက် ပွဲဦးထွက်ရာသီမှာ ဂိုးအများဆုံးသွင်းယူထားတဲ့ ဖာနန်ဒိုတောရက်စ်ရဲ့စံချိန်ကို ပြိုင်ပွဲစုံ ၃၆ ဂိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

play

play

 

မိုဟာမက်ဆာလာဟာ ဝက်ဖို့ဒ်အသင်းနဲ့ပွဲစဉ်အပြီးမှာ ကစားသမားအချင်းချင်း နှုတ်ဆက်ရာမှာ ဝက်ဖို့ဒ်အသင်းရဲ့ဂိုးသမား ကာနီဇစ်နဲ့ တွေ့ဆုံရာမှာ တောင်းပန်စကားပြောဆိုခဲ့တယ်လို့ သိရပါတယ်။

play

 

"သူက ဂိုးသွင်းရတာ အရမ်းနှစ်သက်သူပါ။ အရိုးသားဆုံးပြောရမယ်ဆိုရင် သူက အရမ်းကိုအံ့သြစရာကောင်းတဲ့ ကောင်လေးပါပဲ"

"အရမ်းကို ကျေနပ်မိပါတယ်။ ဒီညဟာ အရမ်းကို ခက်ခဲခဲ့ပါတယ်"

"ပထမဆုံးစက္ကန့်ကနေ နောက်ဆုံးစက္ကန့်အထိ အာရုံစိုက်ထားရမယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့လုပ်အားနှုန်းက ၁၀၀ ရာခိုင်နှုန်းထက်တောင် ပိုမြင့်နေပါသေးတယ်"

"ကျွန်တော်တို့ သွင်းယူခဲ့တဲ့ဂိုးတွေက အရမ်းကို အံ့အားသင့်ရလောက်တဲ့ဂိုးတွေပါ။ ဒါပေမယ့် ကစားသမားတွေက လုံးဝ မရပ်တန့်ခဲ့ပါဘူး။ အဲဒါက ဘောလုံးဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ပြသနိုင်ခဲ့တာပါပဲ။ ဒီပွဲက စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး တကယ့်ကို ပျော်ရွှင်မိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD