AD
AD
AD

ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အလက်ဆစ်ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ကာ မန်ယူအသင်းနဲ့လက်တွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ မြို့ခံပြိုင်ဘက်ဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းဟာ ဆန်းချက်ဇ်ရဲ့အပြောင်းအရွှေ့မှာ မန်ယူအသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် အသင်းအတွက် အမှန်တကယ်လိုအပ်နေတဲ့ ခံစစ်အတွက် အဓိကပစ်မှတ်ကို ခေါ်ယူနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ လက်တစ်ကမ်းသာလိုတော့တဲ့ မန်ချက်စတာစီးတီးအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ရရှိပြီး ဖလားကိုင်မြှောက်နိုင်ခဲ့မယ်ဆိုရင် အစ၊ အလယ်၊ အဆုံး ကောင်းမွန်တဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။

play

 

အလက်ဆစ်ဆန်းချက်ဇ်အနေနဲ့ ပြောင်းရွှေ့ဖို့ ငြင်းပယ်ခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းရဲ့အိမ်ကွင်းမှာ လာမယ့်စနေနေ့ ည ၁၁ နာရီအချိန်မှာ မန်ယူအသင်းနဲ့အတူ သွားရောက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ မန်ယူအသင်းဟာ အသင်းကြီး ၆ သင်းနဲ့ နောက်ဆုံးကစားထားတဲ့ ၁၀ ပွဲမှာ ၁ ပွဲသာအနိုင်ရရှိထားပြီး သရေ ၃ ပွဲနဲ့ ရှုံးပွဲ ၆ ပွဲရလဒ်ကို ပိုင်ဆိုင်ထားတာကြောင့် မန်ချက်စတာစီးတီးအသင်းအိမ်ကွင်းမှာ မန်ယူအသင်းအနေနဲ့ ဘယ်လိုရလဒ်တွေထွက်ပေါ်အောင် စွမ်းဆောင်နိုင်မလဲ။ ဆန်းချက်ဇ်ရဲ့ ဆုံးဖြတ်ချက်မှန်မလား၊ မှားမလားဆိုတာ အဆုံးအဖြတ်ပေးရမယ့် ပွဲစဉ်လည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD