AD
AD
AD

ချယ်ဆီး၊ နာပိုလီကြယ်ပွင့်ကစားသမားဟောင်း ဆင်မြူနယ်ဒယ်လာဘိုနာဟာ ချယ်ဆီးအသင်းကနေ ထွက်ခွာဖို့နီးစပ်နေတဲ့ နည်းပြကွန်တီနေရာမှာ အစားထိုးမယ့် ဆာရီဟာ အသင်းနဲ့ သင့်တော်ပါ့မလားလို့ မေးခွန်းထုတ်လိုက်ပါတယ်။

play

 

ချယ်ဆီးအသင်းရဲ့နည်းပြ ကွန်တီဟာ မကြာမီအချိန်အတွင်း အသင်းကနေထွက်ခွာဖွယ်ရှိနေပြီး နာပိုလီအသင်းကနေ ထွက်ခွာခဲ့ပြီဖြစ်တဲ့ ဆာရီနဲ့ ချယ်ဆီးအသင်းတို့ နည်းပြရာထူးအတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေကြပြီဖြစ်ပါတယ်။ ချယ်ဆီးအသင်းအတွက် ၇၃ ပွဲကစားပေးခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ စီးရီးဘီကို တန်းဆင်းခဲ့ပြီး ၂၀၀၄ ခုနှစ် ဘဏ္ဍာရေးချွတ်ခြုံကျမှုကြောင့် ပြန်လည်ဖွဲ့စည်းခဲ့ရတဲ့ နာပိုလီအသင်းကို ၂၀၀၇ ခုနှစ်မှာ စီးရီးအေပြိုင်ပွဲဆီ ပြန်လည်ပို့ဆောင်ပေးခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

play

"ဆာရီဟာ ဘောလုံးကို အကောင်းဆုံးကစားနိုင်ခဲ့တဲ့သူတစ်ယောက်ပါ။ နာပိုလီမှာ စနစ်ကောင်းတော့ရှိပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်အသင်းက ဆိုးရွားတဲ့ပုံစံနဲ့သာ ကစားနိုင်တာတောင် နှစ်တိုင်း ဖလားရနေပါသေးတယ်"

"ဆာရီအနေနဲ့ ချန်ပီယံဖြစ်ဖို့နဲ့ ထိပ်တန်းနည်းပြဖြစ်ဖို့အတွက် နောက်ထပ်တစ်ဆင့်ကို တက်လှမ်းဖို့လိုသေးတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက တော်တဲ့နည်းပြတစ်ယောက်ပါ။ ဒါပေမယ့် ကမ္ဘာ့အဆင့်ထိပ်တန်းနည်းပြတော့မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ ဘာဆုဖလားမှ မရဖူးပါဘူး။ အဲဒါက သူဟာ ထိပ်တန်းနည်းပြမဟုတ်ဘူးဆိုတာ ပြသနေတာပါ"

"ကျွန်တော် ပုံစံကောင်းနဲ့ ဘောလုံးကစားတာကို တွေ့ချင်ပါတယ်။ ဒါပေမယ့် ပုံစံကောင်းကောင်းနဲ့ ကစားနိုင်ပေမယ့် အနိုင်မရခဲ့ဘူးဆိုရင် အဲဒါက သိပ်မဟုတ်တော့ပါဘူး။ ဂျူဗင်တပ် ကစားတာ အရမ်းမကောင်းပါဘူး။ ဒါပေမယ့် အမြဲတမ်း သူတို့ပဲ ဖလားရတယ်။ ကျွန်တော် ကွန်တီ ချယ်ဆီးကိုသွားတုန်းကတည်းက သိခဲ့တယ်။ ကွန်တီဟာ အနိုင်ရရှိနေတဲ့သူဆိုတာ ကျွန်တော့်အတွက် သေချာပါတယ်။ တကယ်လည်းသူက လိဂ်ဖလားနဲ့ အက်ဖ်အေဖလား ၂ ခုကို ကိုင်မြှောက်ပြီး သက်သေပြပြီးပြီလေ"

"ဆာရီနဲ့ပတ်သက်ပြီးကတော့ သိပ်မသေချာပါဘူး။ သူက နည်းပြကောင်းဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် သူက ချယ်ဆီးနဲ့ အံဝင်ခွင်ကျဖြစ်မယ်လို့တော့ သေချာမသိနိုင်ပါဘူး။ သေချာတာကတော့ ချယ်ဆီးအသင်းအနေနဲ့ သူ့ကို စတန်းဖို့ဒ်ဘရစ်ဂ်ျနဲ့ ကော့ဘ်ဟမ်(ချယ်ဆီးအသင်းလေ့ကျင့်ရေးကွင်း)မှာ ဆေးလိပ်မသောက်ဖို့ ပြောရပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD