AD
AD
AD

ယမန်နေ့ညက ဝက်ဖို့ဒ်အသင်းကို မန်ချက်စတာယူနိုက်တက်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင်မိုက်ကယ် ကားရစ်ဟာ သူ့ရဲ့ကစားသမားဘဝနောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားပေးခဲ့ပါတယ်။

play

play

 

play

ယင်းပွဲစဉ်မစတင်မီမှာ နှစ်ဖက်အသင်းကစားသမားတွေဟာ မိုက်ကယ်ကားရစ်ကို ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး မိုက်ကယ်ကားရစ်က အသင်းဖော်တွေနဲ့ ပရိသတ်တွေကို နှုတ်ဆက်စကား ပြောကြားခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိုက်ကယ်ကားရစ်ဟာ ကစားသမားဘဝကနေ အနားယူတော့မယ့်အကြောင်းကို ယခုရာသီအစကတည်းက တရားဝင်ထုတ်ဖော်ကြေညာခဲ့သူဖြစ်ပြီး မိုက်ကယ်ကားရစ်ကို ဂုဏ်ပြုနှုတ်ဆက်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇွန်လတုန်းက အသင်းဖော်ဟောင်းတွေက ဂုဏ်ပြုပွဲစဉ်တစ်ပွဲ ကစားပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

play

play

 

အိုးထရက်ဖို့ဒ်ကွင်းကြီးထဲမှာ နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ မိုက်ကယ်ကားရစ်ဟာ ရက်ရှ်ဖို့ဒ် ဂိုးသွင်းယူနိုင်အောင် တိကျသေသပ်တဲ့ပေးပို့မှုတစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းမှာ ကစားနေတဲ့ မိုက်ကယ်ကားရစ်ကို ကိုယ်တိုင်ခေါ်ယူခဲ့သူ ဆရာဟောင်းဖြစ်တဲ့ ဆာအဲလက်စ်ဖာဂူဆန်ကလည်း မိုက်ကယ်ကားရစ်အတွက် ပီတိအပြုံးနဲ့ ဂုဏ်ပြုစကားပြောကြားထားတဲ့ ဗီဒီယိုကို ပေးပို့ခဲ့ပါတယ်။

play

 

"မိုက်ကယ်၊ မင်းရဲ့ ယူနိုက်တက်မှာ ကြီးကျယ်ခမ်းနားတဲ့ကစားသမားဘဝအဆုံးသတ်ကို ရောက်လာပြီပေါ့"

play

 

"မင်းကို တော့တင်ဟမ်ကနေ ဒီကိုရောက်အောင် ခေါ်ခဲ့ရတာ မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် အဲဒါက ထိုက်တန်ခဲ့ပါတယ်"

"အသင်းကို မင်း အကောင်းဆုံး အမှုထမ်းပေးခဲ့တယ်။ မင်းရဲ့ သစ္စာရှိမှု၊ လိုက်လျောညီထွေဖြစ်မှု၊ ကွင်းထဲမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေဟာ ငါတို့အားလုံးအတွက် အရမ်းကို ကောင်းမွန်တဲ့ဘဝတစ်ခုကို ပေးစွမ်းနိုင်ခဲ့တယ်"

play

"မင်းနဲ့အတူတူ အလုပ်လုပ်ခဲ့ရတာ စိတ်ချမ်းသာပျော်ရွှင်မိပါတယ်။ မင်းလို ဘောလုံးသမားမျိုး၊ လူမျိုး ရခဲ့တာ ငါ အရမ်း ဂုဏ်ယူမိပါတယ်"

"ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဘဝကို မင်းရခဲ့ပြီးပါပြီ။ နည်းပြအဖြစ်နဲ့လည်း မင်း ကောင်းကောင်းလုပ်နိုင်မှာပါ။ မင်း နည်းပြအဖြစ် တာဝန်ယူမယ့်အချိန်ကို တွေ့မြင်တဲ့အထိ ငါ စောင့်ကြည့်နေပါ့မယ်။ အဲဒီတော့ မင်း ကံကောင်းပါစေ။ အကောင်းဆုံးတွေပဲ ဖြစ်ပါစေ မိုက်ကယ်ရေ"လို့ ယင်းဗီဒီယိုဖိုင်ထဲမှာ ဖာဂူဆန်က ပြောကြားခဲ့ပါတယ်။

Source & Photos: Dailystar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD