စနေနေ့ည ၁၂ နာရီအချိန်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၃ အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းက ၄ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

play

 

တော့တင်ဟမ်ဟော့စပါးအသင်းဟာ တိုက်စစ်မှာ ဟယ်ရီကိန်းကို အထောင်ထားပြီး အဲရစ်ဆင်၊ ဒဲလ်အယ်လီ၊ ဆွန်ယောင်မင်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ၂၂ မိနစ်မှာ ထောင့်ကန်ဘောကနေတစ်ဆင့် ဆီဂတ်ဆန် ကန်တင်လိုက်တဲ့ဘောလုံးကို တိုဆင်က ခေါင်းတိုက်သွင်းယူခဲ့ရာမှာ တိုက်စစ်မှူး ဝိန်းရူနီက ကြားဖြတ်ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပေမယ့် စည်းကြပ်ဒိုင်က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာကြောင့် အဖွင့်ဂိုး ရရှိမယ့်အခွင့်အရေးကို ဆုံးရှုံးခဲ့ပါတယ်။ ၂၆ မိနစ်မှာ အော်ရီရာရဲ့ပေးပို့မှုကနေတစ်ဆင့် ဆွန်ယောင်မင်က တော့တင်ဟမ်ဟော့စပါးအသင်းအတွက် အဖွင့်ဂိုးကို စတင်သွင်းယူပေးခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာလည်း တော့တင်ဟမ်ဟော့စပါးအသင်းကသာ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ၄၇ မိနစ်မှာ ဟယ်ရီကိန်းက ဆွန်ယောင်မင်ရဲ့ပေးပို့မှုကနေတစ်ဆင့် ဟယ်ရီကိန်းက စပါးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

၅၉ မိနစ်မှာ ဟယ်ရီကိန်းကပဲ အဲရစ်ဒိုင်ယာရဲ့ပေးပို့မှုကနေတစ်ဆင့် စပါးအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ ယနေ့ပွဲစဉ်မှာ ဂိုးကန်သွင်းမှု ၇ ကြိမ်သာပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တစ်ကြိမ်မှ တည့်ခဲ့ခြင်းမရှိခဲ့ပါဘူး။

play

 

၈၁ မိနစ်မှာ ဒဲလ်အယ်လီရဲ့ဖန်တီးပေးပို့မှုကနေ အဲရစ်ဆင်က တော့တင်ဟမ်ဟော့စပါးအသင်းအတွက် စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဝင်ဘလေကွင်းမှာ ပထမဆုံးအိမ်ကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်ဆီးအသင်းနဲ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ၁၀ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video