AD
AD
AD

လီဗာပူးအသင်းရဲ့တိုက်စစ်မှူး ဒန်နီရယ်စတားရစ်ဟာ လီဗာပူးအသင်းရဲ့တာဝန်ရှိသူတွေကို အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ ပြောကြားခဲ့ပြီး လီဗာပူးအသင်းကလည်း စတားရစ်ကို ပေါင်သန်း ၃၀ ရမယ်ဆိုရင် ရောင်းချဖို့အဆင်သင့်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး ဒန်နီရယ်စတားရစ်ဟာ ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏရုန်းကန်နေရလေ့ရှိတာကြောင့် ခြေစွမ်းမပြသနိုင်ဘဲ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ အန်းဖီးကွင်းကနေ ထွက်ခွာဖို့ ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ စတားရစ်ရဲ့မြင့်မားတဲ့ လုပ်ခလစာကြောင့် လီဗာပူးအသင်းကလည်း အမြန်ဆုံး ရောင်းထုတ်ချင်နေပြီး စတုတ်စီးတီးအသင်းက နည်းပြမာ့ခ်ဟုခ်ျကို ထုတ်ပယ်ပြီးနောက် ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ စတားရစ်ကို ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

play

 

ဒန်နီရယ်စတားရစ်ဟာ ကြွက်သားဒဏ်ရာ မကြာခဏရရှိလေ့ရှိတာကြောင့် ၂၀၁၄-၂၀၁၅ ရာသီကနေ ယနေ့အချိန်အထိ ပွဲထွက်ခွင့်ရရှိခဲ့တဲ့ ပွဲပေါင်း ၃၀ သာရှိသေးတာဖြစ်ပါတယ်။ စတားရစ်ဟာ လက်ရှိအချိန်မှာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်စပြုနေပြီဖြစ်တဲ့အတွက် လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့အတွက် ပုံမှန်ပွဲထွက်ခွင့်ရမယ့်အသင်းတစ်သင်းကို ပြောင်းရွှေ့လိုနေတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD