play

ယခုတစ်ပတ် စနေ၊တနင်္ဂနွေနေ့တွေမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်(၁၃)ရဲ့ အကောင်းဆုံး အသင်းကတော့ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

play

ဂိုးသမားနေရာမှာတော့ ဘုန်းမောက်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားပြီး ပေးဂိုးလုံးဝ မပေးခဲ့ရတဲ့ ဆွမ်ဆီး ဂိုးသ မား ဖေဘီယန်စကီးဖြစ်ပါတယ်။

play

နောက်ခံလူတွေအဖြစ် စပါးအသင်းမှ ထရစ်ပီရာ၊လီဗာပူးနဲ့ပွဲမှာ အကောင်းဆုံး ဖျက်ထုတ်မှုတွေ ပြုလုပ်နိုင်ခဲ့တဲ့ ခရစ်စတန်ဆန်၊အာဆင်နယ်အသင်းမှ ကိုစီရယ်နီနဲ့ ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ ဆာခိုတို့ပဲ ဖြစ်ပါတယ်။

play

ကွင်းလယ်လူတွေအဖြစ်တော့ အဲဗာတန်အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ဆောက်သမ်တန်အသင်း ကွင်းလယ်လူ ပိုင်ရီ အီမိုင်းလ်၊မန်စီးတီးမှ ဖာနန်ဒင်ဟို၊စတုတ်စီးတီးမှ ရှာကွီရီနဲ့ ဆောက်သမ်တန်မှ တာဒစ်တို့ ဖြစ်ပါတယ်။

 

တိုက်စစ်နေရာမှာတော့ ချဲလ်ဆီးအသင်းနဲ့ပွဲမှာ ခြေစွမ်းပြကာ သွင်းဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလပ်နဲ့ အဲဗာတန်အသင်းဖက်ကို ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဆောက်သမ်တန် တိုက် စစ်မှူး ချာလီအော်စတင်ပဲ ဖြစ်ပါတယ်။

Postby

Source- Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video