AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းနဲ့ တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုထားတဲ့ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူး ဇလာတန်အီဘရာဟီမိုဗစ်နဲ့ ယမန်နေ့က စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။

play

 

ယင်းသတင်းကို ကြာသပတေးနေ့ညနေပိုင်းမှာ အီဘရာဟီမိုဗစ်ကိုယ်တိုင် ကြေညာခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကလည်း ဒဏ်ရာကြောင့် ပါဝင်မကစားပေးနိုင်တဲ့ အီဘရာဟီမိုဗစ်ရဲ့ဆန္ဒကို သဘောတူညီခဲ့ပါတယ်။ အီဘရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ပွဲဦးထွက်ရာသီမှာ ၂၈ ဂိုးသွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

play

 

၂၀၁၆ ရာသီကုန်ဆုံးခါနီးမှာ ဒူးဒဏ်ရာရရှိခဲ့ပြီး ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရာ ၉ လကြာအနားယူရမယ်လို့ ခန့်မှန်းခဲ့ပေမယ့် အီဘရာဟီမိုဗစ်ဟာ စောစီးစွာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တစ်နှစ်သက်တမ်းတိုးစာချုပ် ထပ်မံချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၇ ပွဲသာ ပါဝင်ကစားပေးထားနိုင်ပြီး ကြံ့ခိုင်မှုအပြည့်အဝမရရှိသေးတာကြောင့် ယခုလို စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

play

 

င်္အီဘရာဟီမိုဗစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကျန်ရှိသေးတဲ့စာချုပ်ကို ဖျက်သိမ်းပြီး အမေရိကန်မေဂျာလိဂ်အသင်းဖြစ်တဲ့ အယ်လ်အေဂလက်ဆီအသင်းနဲ့ ၂၀၁၉ ရာသီကုန်အထိ ရှိနေမယ်လို့ သိရပါတယ်။ အယ်လ်အေဂလက်ဆီအသင်းအနေနဲ့ အီဘရာဟီမိုဗစ်နဲ့ စာချုပ်ချုပ်ဆိုတဲ့သတင်းကို သောကြာနေ့ညပိုင်းလောက်မှာ ကြေညာမယ်လို့ ယူဆရပါတယ်။ တကယ်လို့ အယ်လ်အေဂလက်ဆီအသင်းနဲ့သာ စာချုပ်ချုပ်ဆိုဖြစ်ခဲ့မယ်ဆိုရင် လာမယ့် ၃၁ ရက်နေ့မှာ လော့စ်အင်ဂျလိစ်အသင်းနဲ့ ကစားရမယ့်ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားဖွယ်ရှိတယ်လို့ သိရပါတယ်။

Source & Photos: SL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD