AD
AD
AD

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ လာမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်များနဲ့ ဖိုင်နယ်ပွဲစဉ်အတွက် ကွင်းဝင်ကြေး လက်မှတ်များကို တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

play

 

ယခုလို တိုးမြှင့်လိုက်ခြင်းမှာ ၂၀၁၅ နောက်ပိုင်း ပထမဆုံးအကြိမ် ကွင်းဝင်ကြေးတိုးမြှင့်လိုက်တာဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် မူလ လက်မှတ် နှုန်းထား ပေါင် ၃၀ မှ ယခုအခါ ပေါင် ၈၀ အထိ တိုးမြှင့်သတ်မှတ်ခဲ့ပြီလည်း ဖြစ်ပါတယ်။

play

 

ဗိုလ်လုပွဲအတွက် လက်မှတ်ကိုလည်း မူလ ပေါင် ၁၁၅ မှ ပေါင် ၁၄၅ အထိ တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်ပြီး တစ်သင်းလျှင် လက်မှတ်ခွဲတမ်းမှာ ၃၃၅၀၀ စီ ရရှိမယ်လို့လည်း သိရပါတယ်။

အင်္ဂလန်ရဲ့ ပြိုင်ပွဲဆက်ဆံရေး အရာရှိ အန်ဒီ အမ်ဘလာက -" ကျွန်တော်တို့ အက်ဖ်အေအနေနဲ့ အကျိုးအမြတ်တစ်ခုတည်းအတွက် လုပ်ဆောင် နေတာ မဟုတ်ဘူးဆိုတာတော့ သိထားစေချင်ပါတယ်။ကျွန်တ်ာတို့ အင်္ဂလန်ဘောလုံးလောကကို အဆင့်တစ်ခုအထိ ရောက်အောင် ပို့ချင်တာပါ။" လို့ ပြောခဲ့ပါတယ်။

အခြားတစ်ဖက်မှာလည်း ၀င်ဘလေကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုနေတဲ့ စပါးအသင်းအနေနဲ့လည်း အိမ်ကွင်းပုံစံမျိုးအသုံးပြုခွင့်ရမှာ မဟုတ်ပဲ ဆီမီးဖိုင်နယ်(သို့)ဖိုင်နယ်ပွဲစဉ်များမှာ ဆတူ အခွင့်အရေးများကိုသာရရှိသွားမှာလို့လည်းသိရပါတယ်။

အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်များကို လာမယ့် ဧပြီလ ၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး မန်ယူနဲ့ စပါး၊ ချဲလ်ဆီးနဲ့ ဆောက်သမ်တန်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD