AD
AD
AD

လီဗာပူးအသင်းဟာ ၎င်းတို့ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ လိုက်ဇက်အသင်းမှ အာဖရိက ကစားသမား နဘီကီတာကို အသင်းကို အပြီးသတ်ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

play

 

မူလက ကီတာအတွက် ပြောင်းရွှေ့ကြေးကို မိခင်ကလပ် လိုက်ဇက်အသင်းအနေနဲ့ မိမိတို့အသင်း ချန်ပီယံလိဂ် ၁၆ သင်းအဆင့် တက်ရောက်နိုင် ခဲ့ပါက ပြောင်းရွှေ့ကြေး ပေါင် ၆၆.၈ သန်းပေးရမယ်လို့ ဆိုထားပြီး မတက်ရောက်နိုင်ခဲ့ပါက ၅၇.၉ သန်းသာ ပေးချေရမယ်လို့ သတ်မှတ်ပေး ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကီတာအနေနဲ့ လက်ရှိမှာ လီဗာပူးအသင်းရဲ့ ဂျာစီကိုကိုင်ပြီး မီဒီယာကို ချပြခဲ့ပြီး ကျောနံပါတ် ၈ ကို ၀တ်ဆင်ကစားမယ်လို့ လည်းတွေ့မြင်ရပါတယ်။

ကီတာအနေနဲ့ လီဗာပူးအသင်းကနေ ထွက်ခွာသွားတဲ့ ကော်တင်ဟိုနေရာမှာ အစားထိုးမယ့် ကစားသမားလို့လည်း သတင်းတွေက ဖော်ပြနေ ကြပြီး လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ယခုနှစ်ရာသီမှာ ကန်ခွင့်ရမှာတော့မဟုတ်ပါဘူး။

၎င်းရဲ့ အပြောင်းအရွှေ့အတွက်နှစ်သင်းကြားနားလည်မှုများစွာ ထားရှိထားရပြီး မူလက ပြောင်းရွှေ့ကြေးပေးပြီးပေမယ့် ရာသီကုန်အထိ အသင်း မှာ ဆက်ရှိနေမယ်လို့လည်း သတင်းတွေက ထွက်ပေါ်ထားတာ ဖြစ်ပါတယ်။

ယခုအခါ လီဗာပူးအသင်းကလည်း ကော်တင်ဟိုထွက်ခွာသွားတာကြောင့် အသင်းနေရာမှာ အစားထိုးဖို့ ကီတာကို အမြန်ဆုံး ခေါ်ယူဖို့ ပြန် ပြောင်း စီစဉ်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

Source- Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD