AD
AD
AD

လီဗာပူးအသင်း တိုက်စစ်မှူး ဆာလာက ၎င်းရဲ့ လူမှုကွန်ရက်ကတဆင့် နောက်ပြောင်ခဲ့မှုအပေါ် မန်ယူပရိသတ်များအနေနဲ့ ယနေ့အချိန်အထိ ခံစားမနေသင့်ကြောင့် ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

လီဗာပူး တိုက်စစ်မှူးအနေနဲ့ မန်ယူက ဆီဗီလာကို ရှုံးနိမ့်ခဲ့အပြီးမှာ ၎င်းရဲ့ တွစ်တာအကောင့်မှတဆင့် စာတိုရေးသားခဲ့ပြီး စနောက်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

အဆိုပါ ပွဲမတိုင်မီက မန်ယူနဲ့ လီဗာပူးတို့ ကစားခဲ့ကြပြီး မန်ယူအသင်းက အနိုင်ရရှိခဲ့ကာ အက်ရှ်လေယန်းရဲ့ အိတ်ကပ်ထဲ ထည့်ခံထားရတယ်လို့ ဆာလာကို မန်ယူပရိသတ်တွေက စနောက်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲ့နောက် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာလီဗာပူးက နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ပြီး မန်ယူက ဆီဗီလာကို ရှုံးနိမ့်ခဲ့ချိန်မှာတော့ ဆာလာက တွစ်တာအကောင့်ကနေတဆင့် " ချန်ပီယံလိဂ်ရဲ့ နောက်ထပ် မဲခွဲပွဲကတော့ လာဖို့ မဖြစ်နိုင်တော့ဘူး" လို့ ရေးသားဖော်ပြခဲ့တာ လည်းဖြစ်ပါတယ်။

ယင်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဆာလာက - " တစ်ခါတလေ ကျွန်တော်တို့ ဆိုရှယ်မီဒီယာပေါ်မှာ နေထိုင်ကြပါတယ်။တစ်နေ့တာ ကုန်ဆုံးချိန်မှာ တော့ ဆိုရှယ်မီဒီယာပေါ်က ဖြစ်စဉ်တွေလည်း ပြီးဆုံးခဲ့ပါပြီ။နောက်တစ်နေ့မှာအဲ့ဒီအရာတွေက ဟာသာတစ်ခုနေနဲ့သာ ကျန်ရှိနေတော့တာပါ။ဒါ ကြောင့် အခုကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ မလိုလားပါဘူး။ကျွန်တော်ကတော့ စနောက်ဖို့အတွက်ပဲ ရည်ရွယ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ အပတ်က ဖြစ်ခဲ့တဲ့ နောက်ပြောင်မှုတစ်ခုသာ ဖြစ်ပါတယ်။အခုဒါတွေက ပြီးဆုံးသွားပြီ မဟုတ်လား။" လို့ ဆာလာက ပြန်လည်ရှင်းလင်းပြောခဲ့ ပါတယ်။

ဆာလာရဲ့ လီဗာပူးမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ မန်စီးတီးနဲ့ ကစားရဖို့ ရှိနေချိန် မန်ယူကတော့ ပရီးမီးယားလိဂ်မှာ အဆင့် ၂နေရာနဲ့ ရာ သီ သိမ်းနိုင်ဖို့ ကြိုးပမ်းနေရပြီလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဆာလာအနေနဲ့ ယခုနှစ် ပရီးမီးယားလိဂ်သွင်းဂိုး ၂၈ ဂိုးနဲ့အတူ ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆုနဲ့ ဥရောပ ဂိုးသွင်းဘုရင်ဆုများအ တွက် ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD