AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာဇီယိုအသင်းရဲ့ကွင်းလယ်ကစားသမား မီလင်ကိုဗစ်ဆားဗစ်ကို အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ မီလင်ကိုဗစ်ဆားဗစ်ကို ဥရောပထိပ်သီအသင်းကြီးတွေဖြစ်တဲ့ ပီအက်စ်ဂျီ၊ ရီးရဲမက်ဒရစ်အသင်းတို့ကလည်း ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

play

 

လာဇီယိုအသင်းဟာ အသင်းရဲ့အားထားရတဲ့ကွင်းလယ်ကစားသမား မီလင်ကိုဗစ်ဆားဗစ်အတွက် မန်ချက်စတာယူနိုက်တက်အသင်းက ကမ်းလှမ်းတဲ့ ပြောင်းရွှေ့ကြေးပမာဏထက် ပိုမိုရရှိလိုနေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းက မီလင်ကိုဗစ်ဆားဗစ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၁၀ အပြင် စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ရင် အပိုဆုကြေးငွေပါ ထပ်မံပေးအပ်မယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် လာဇီယိုအသင်းက ပယ်ချခဲ့တာဖြစ်ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုရာသီကုန်မှာ ကစားသမားဘဝကနေ အနားယူသွားပြီဖြစ်တဲ့ အသင်းခေါင်းဆောင် မိုက်ကယ် ကားရစ်ရဲ့နေရာကို ဆက်ခံဖို့အတွက် မီလင်ကိုဗစ်ဆားဗစ်ကို မျက်စိကျနေတာဖြစ်ပါတယ်။ လာဇီယိုအသင်းက မီလင်ကိုဗစ်ဆားဗစ်အတွက် ယူရိုသန်း ၁၅၀ အထိ တိုးမြှင့်တောင်းဆိုခဲ့တာဖြစ်ပြီး မီလင်ကိုဗစ်ဆားဗစ်အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားချင်နေတဲ့ဆန္ဒရှိနေတာကြောင့် အသင်းက ထွက်ခွာလိုကြောင်း အရိပ်အမြွက်ပြောကြားထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD