AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရှက်တာဒိုးနတ်အသင်းရဲ့ကွင်းလယ်ကစားသမား ဖရက်ဒ်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်းကို အသင်းရဲ့ဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ရက်တွေမှာ တရားဝင်ကြေညာခဲ့ပါတယ်။

play

 

ဖရက်ဒ်ဟာ မော်ရင်ဟိုရဲ့ ယခုနွေရာသီ ပထမဆုံးခေါ်ယူမှုဖြစ်လာတော့မှာဖြစ်ပြီး ပြီးခဲ့တဲ့တနင်္လာနေ့က ဆေးစစ်မှုခံယူခဲ့ပြီးဖြစ်တာကြောင့် မကြာမီအချိန်အတွင်းအပြောင်းအရွှေ့အပြီးသတ်နိုင်တော့မှာဖြစ်ပါတယ်။

"မန်ချက်စတာယူနိုက်တက်အသင်းဟာ ရှက်တာဒိုးနတ်အသင်းရဲ့ ဖရက်ဒရီကိုရိုဒရီဂွက်ဒီပေါ်လာဆန်းတို့စ်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီဆိုတဲ့အကြောင်းကို ဝမ်းမြောက်ဝမ်းသာစွာနဲ့ ကြေညာလိုက်ပါတယ်"လို့ အင်္ဂါနေ့ညနေပိုင်းက ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

"နောက်ဆက်တွဲထုတ်ပြန်ချက်တွေကိုလည်း အချိန်အခါအရ ထုတ်ပြန်ပေးသွားမှာပါ"လို့ ရေးသားထားပါတယ်။

play

 

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖရက်ဒ်နဲ့အတူ ပေါ်တိုအသင်းရဲ့ညာနောက်ခံကစားသမား ဒိုင်အိုဂိုဒါလော့လည်း အပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းနေမှု မကြာမီ အပြီးသတ်ဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်။ ဒိုင်အိုဂိုဒါလော့ဟာ မန်ယူအသင်းခေါင်းဆောင် အန်တိုနီယိုဗလင်စီယာရဲ့ခြေရာကို တစ်ထပ်တည်းနင်းနိုင်မယ့်သူလို့ သတ်မှတ်ခံထားရတဲ့ ပေါ်တိုအသင်းရဲ့ အသက် ၁၉ နှစ်အရွယ် ညာနောက်ခံကစားသမားဖြစ်ပါတယ်။

play

 

ဘရာဇီးလ်လက်ရွေးစင်အသင်းဟာ ဖရက်ဒ်ရဲ့အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့အတွက် လေ့ကျင့်ရေးစခန်းကနေ ထွက်ခွာခွင့်ပြုခဲ့တယ်လို့ သိရပြီး ဖရက်ဒ်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ သြစတြီးယားနဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာ လက်ရွေးစင်အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းမယ်လို့ The Guardian က ရေးသားထားပါတယ်။

Photos: The Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD