AD
AD
AD

ရီးရဲမက်ဒရစ်အသင်းဟာ အသင်းရဲ့ဘလွန်းဒီအော် ၅ ဆုပိုင်ရှင် ခရစ်စတီယာနိုရော်နယ်ဒိုကို လစာအမြင့်မားဆုံးကစားသမားဖြစ်စေမယ့် စာချုပ်သစ် ကမ်းလှမ်းဖို့ ပျက်ကွက်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းအတွက် အခွင့်အရေးတစ်ခုဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ခရစ်စတီယာနိုရော်နယ်ဒိုကို တစ်နှစ်လုပ်ခ ပေါင် ၂၆.၂ သန်းအထိ ရရှိစေမယ့် စာချုပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး အိုးထရက်ဖို့ဒ်ကွင်းထဲကို အရောက်ပြန်လည်ခေါ်ဆောင်နိုင်မယ်လို့ ယုံကြည်နေတယ်လို့ သိရပါတယ်။ ခရစ်စတီယာနို ရော်နယ်ဒိုဟာ ယခုရာသီအစမှာ ပုံစံကောင်းရရှိဖို့ ရုန်းကန်ခဲ့ရပြီး စပိန်စူပါဖလားပြိုင်ပွဲမှာ ကွင်းလယ်ဒိုင်ကို တွန်းထိုးခဲ့တဲ့အတွက် ၅ ပွဲပယ် ပြစ်ဒဏ် ကျခံခဲ့ရသူဖြစ်ပါတယ်။

play

 

ခရစ်စတီယာနိုရော်နယ်ဒိုအနေနဲ့ ခရစ်စမတ်မတိုင်မီအချိန်အထိ ဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ရီးရဲမက်ဒရစ်အသင်းရဲ့ချန်ပီယံဆုကို ကာကွယ်ပေးနိုင်ခဲ့ခြင်းမရှိဖြစ်ခဲ့ပေမယ့် လက်ကျန်ရာသီဝက်မှာ ပုံစံကောင်းတွေ ပြန်လည်ရရှိလာပြီး နောက်ဆုံးကစားခဲ့တဲ့ ဥရောပပွဲစဉ် ၈ ပွဲမှာ ၁၂ ဂိုးအထိ သွင်းယူထားပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းဟာ ၂၀၀၉ ခုနှစ်မှာ ခရစ်စတီယာနိုရော်နယ်ဒိုကို ယင်းအချိန်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းက လာမယ့်နွေရာသီမှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ရော်နယ်ဒိုကို မရမနေ ခေါ်ယူတော့မှာ ဖြစ်တဲ့အကြောင်းကို မန်ယူအသင်းကို စပွန်ဆာ ပေးထားတဲ့ ချက်ဗလေတ်က အတည်ပြု ပြောကြားခဲ့ပြီး ရော်နယ်ဒိုရဲ့တစ်ပတ်လုပ်ခလစာဟာ ဆန်းချက်ဇ်ရရှိနေတဲ့အတိုင်း တစ်ပတ်ပေါင် ၅ သိန်းပေးချေသွားမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD