AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းကို ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ၂ ရာသီကြာ ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြဟောင်း လူးဝစ်ဗန်ဟားလ်ဟာ မန်ယူအသင်းကို ကိုင်တွယ်ခဲ့စဉ်က ကစားသမားအချို့ရဲ့ ပရော်ဖက်ရှင်နယ်မဆန်တဲ့ အပြုအမူတွေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

play

 

လူးဝစ်ဗန်ဟားလ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို စတင်ကိုင်တွယ်တဲ့ရာသီမှာ အဆင့် ၄ နေရာမှာသာ ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး နောက်ဆုံးကိုင်တွယ်တဲ့ရာသီမှာ အက်ဖ်အေဖလားကိုသာ ရယူပေးခဲ့သူဖြစ်ပါတယ်။ လူးဝစ်ဗန်ဟားလ်ဟာ ကစားသမားတွေရဲ့ လုပ်ငန်းစဉ်တွေကို ခြေရာခံနိုင်ပြီး အထောက်အပံ့ဖြစ်စေဖို့ ပြုလုပ်ထားတဲ့အရာနဲ့ပတ်သက်တဲ့ အီးမေးလ်တွေကို ကစားသမားတွေထံပို့ခဲ့ပေမယ့် မန်ယူကစားသမားတွေက လစ်လျူရှုခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော့်ရဲ့ အိုင်တီသမားနဲ့ ဒီဂျစ်တယ်ခြေရာခံစက်ကို အဆင့်မြှင့်တင်ခဲ့ပါတယ်"

"ကစားသမားတစ်ယောက်ချင်းဆီတိုင်း Log-in ဝင်နိုင်အောင်ပါ"

"အဲဒီအတွက် ကျွန်တော် အားလုံးကို ကျွန်တော့်အိမ်မှာ ပြောဆိုဆွေးနွေးပြီး ပြင်ဆင်ဖို့ အခွင့်အရေးပေးခဲ့ပါတယ်။ အားလုံးတပြေးညီတည်း စကားပြောနိုင်ဖို့အတွက်ပါ"

"ကျွန်တော့်ရဲ့မေးလ်ကို သူတို့ ဘာမှမတုံ့ပြန်ကြတာ အမှန်ပါပဲ။ ဒီအရာက သူတို့ရဲ့ပရော်ဖက်ရှင်နယ်စိတ်ဓာတ်ကင်းမဲ့မှုကို စမ်းသပ်မှုဖြစ်ခဲ့ပြီး အဲဒီလိုလူတွေဖြစ်တယ်ဆိုတာကို ဖော်ပြပေးလိုက်သလိုပါပဲ"

"အဲဒီလိုမျိုး မေးလ်ပို့တာကို ဘိုင်ယန်မြူးနစ်မှာတုန်းက လုပ်ခဲ့ဖူးပါတယ်။ ကျွန်တော့်ရဲ့အတွေးက ပရော်ဖက်ရှယ်နယ်စိတ်အပြည့်အဝရှိတဲ့ ကစားသမားတွေကို ပရော်ဖက်ရှင်ဆန်ဆန်နေစေချင်လို့ပါ။ အာဂျန်ရော်ဘင်လိုမျိုးပေါ့။ သူက မေးလ်ကို အမြဲဖတ်တတ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: SL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD