EPL: လက်စတာ Vs မန်ယူ ပွဲကို အဆုံးအဖြတ် ပေးမယ့် အချက် (၅) ချက်

ပရီးမီးယားလိဂ် မစခင် သွေးပူလေ့ကျင့်ခန်း ဆင်းကြမယ့် ပွဲဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ် မစခင် တစ်ပတ်အလိုမှာ  လက်ရှိအမှတ်ပေးချန်ပီယံ လက်စတာအသင်းနဲ့ အက်ဖ်အေဖလား ချန်ပီယံ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်ကို ကြည့်ရှုကြရဦးမှာ ဖြစ်ပါတယ်။ မော်ရင်ဟိုအနေနဲ့ မန်ယူနည်းပြဘဝ တရားဝင် တကယ့်ပြိုင်ပွဲ တစ်ရပ်ကို ရင်ဆိုင်ရမယ့် ပထမဆုံးပွဲစဉ်ဖြစ်နေတာကြောင့် ထူးခြားတဲ့ ပွဲစဉ်တစ်ပွဲလို့ ဆိုနိုင်ပါတယ်။ သြဂုတ် ၇ ရက်နေ့ညမှာ ကစားမယ့် ကွန်မြူနတီဒိုင်းပွဲစဉ်မတိုင်ခင် သိထားသင့်တဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ မော်ဂန် vs အီဗရာဟီမိုဗစ်ခ်ျ

play

 

 လက်စတာအသင်းခေါင်းဆောင် နောက်ခံလူ မော်ဂန်က တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျကို ဘယ်လောက် ဟန့်တားနိုင်မလဲ စောင့်ကြည့်ရမှာပါ။ ရာသီအကြို ခြေစမ်းပွဲမှာကတည်းက အီဗရာဟီမိုဗစ်ခ်ျရဲ့ တည်ငြိမ်ရင့်ကျက်တဲ့ ခြေစွမ်းတွေကို မြင်ခဲ့ရပြီးပါပြီ။ မော်ဂန်ကလည်း  ပရီးမီးယားလိဂ် အကောင်းဆုံး နောက်ခံကစားသမားတွေထဲက တစ်ဦး ဖြစ်ပါတယ်။

၂။ ကန်တေ မရှိတဲ့ လက်စတာ

play

 

ပြီးခဲ့တဲ့ ရာသီမှာ လက်စတာအသင်းရဲ့ ကွင်းလယ်ကို အဓိက မောင်းနှင်ခဲ့တာ ကန်တေဖြစ်ပါတယ်။ အခုတော့ ကန်တေက ချယ်လ်ဆီးကို ရောက်သွားခဲ့ပါပြီ။ ရာသီအကြို ခြေစမ်းပွဲတွေမှာတော့ ကန်တေမရှိတဲ့ လက်စတာကွင်းလယ်ကို နည်းပြရေနီယာရီ ခက်ခက်ခဲခဲ ထိန်းချုပ်နေရတာ တွေ့ရပါတယ်။ ကန်တေ မရှိတဲ့ အကျိုးဆက် လက်စတာအပေါ် ဘယ်လောက်ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။

၃။ ရောဘတ်ဟုသ် Vs ဖယ်လိုင်နီ

play

 

ဒီနှစ်ယောက်က ရာဇဝင်ရှိပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ ရောဘတ်ဟုသ်က ဖယ်လိုင်နီရဲ့ ဆံပင်ကိုဆွဲပြီး ဖယ်လိုင်နီက ရောဘတ်ဟုသ်ကို တံတောင်နဲ့ တွတ်ခဲ့လို့ အပြန်အလှန် ပြဿနာတွေ တက်ခဲ့ကြတာပါ။ ဒီတစ်ခါလည်း နှစ်ဖက်အသင်း ကွင်းလယ်မှာ ဒီနှစ်ယောက် ပြန်တွေ့ဖို့ရှိပြီး သူတို့ရဲ့ ခြေစွမ်းက အသင်းရဲ့ရလဒ်ကို အကျိုးသက်ရောက်မှု အများကြီး ရှိနိုင်ပါတယ်။

၎။ မော်ရင်ဟို စံချိန်

play

 

မော်ရင်ဟိုက ကွန်မြူနတီဒိုင်းပြိုင်ပွဲကို ချယ်လ်ဆီးအသင်းနဲ့အတူ အရင်က လေးကြိမ်တိတိ ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် လေးကြိမ်မှာ မော်ရင်ဟို အနိုင်ရတာ တစ်ကြိမ်ပဲ ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ကွန်မြူနတီဒိုင်းမှာ မော်ရင်ဟို အောင်မြင်မှု နည်းပါးလေ့ရှိပြီး ၂၅ ရာခိုင်နှုန်းသာ အောင်မြင်တယ်လို့ဆိုနိုင်ပါတယ်။

၅။ ရေနီယာရီ Vs မော်ရင်ဟို

play

 

လက်စတာအတွက်တော့ အကြီးမားဆုံး အောင်မြင်မှု ရပြီးပြီဖြစ်လို့ ကွန်မြူနတီဒိုင်း ထပ်ရသွားရင်လည်း အံ့သြကြတော့မှာ မဟုတ်ပါဘူး။ ရာသီသစ်မှာ အသင်းအတွက် စိတ်ဓာတ်အင်အားမြှင့်တင်ပေးတဲ့ ပွဲတစ်ပွဲထက်ပိုမှာ မဟုတ်ပါဘူး။ မန်ယူနဲ့ နည်းပြမော်ရင်ဟိုအတွက်တော့ အရေးကြီးပါတယ်။ အထူးသဖြင့် မော်ရင်ဟိုအတွက် မန်ယူနဲ့ ပွဲဦးထွက်မှာ အဓိကျတဲ့ အောင်မြင်မှုကို တစ်ပွဲတည်းနဲ့ ရမယ့်အခွင့်အရေးဟာ လက်တစ်ကမ်းအလိုမှာ ရောက်နေလို့ပါ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ