EPL: ပရီးမီးယားလိဂ်ကို ရောက်လာတဲ့ နောက်ဆုံး Wag တစ်ဦး

, updated

လီဗာပူး ဂိုးသမားသစ် ကာရီရက်စ်ရဲ့ ချစ်သူ ဖြစ်ပါတယ်။

play

 

လီဗာပူးအသင်းကို ဂျာမန်ကလပ် မိန့်ဇ်အသင်းကနေ အပြီးသတ်ရောက်ရှိလာပြီဖြစ်တဲ့ ဂိုးသမား ကာရီရက်စ်နဲ့အတူ ပရီးမီးယားလိဂ် ရောက်လာသူက ချစ်သူ အန်နလီအဲလ်ပါ့တ် ဖြစ်ပါတယ်။ ဂိုးသမားသစ်ကာရီရက်စ်က လာမယ့်ရာသီသစ်မှာ ပွဲထွက်ခွင့်အတွက် အသင်းဂိုးသမား မစ်ဂနိုလက်နဲ့အတူ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

play

 

သူမက အခြားဘောလုံးသမားတွေရဲ့ ချစ်သူတွေလို နာမည်ကျော်မော်ဒယ်တစ်ဦးတော့ မဟုတ်သေးပါဘူး။

play

 

ဒါပေမယ့် အင်စတာဂရမ်က သူမရဲ့ ဓာတ်ပုံတွေကိုကြည့်ရင် နာမည်ကျော် မောဒယ်တွေလိုပဲ အနုပညာသွေးပါတာကို မြင်တွေ့နိုင်မှာပါ။

play

 

အောင်မြင်သူ အမျိုးသားတွေရဲ့ နောက်ကွယ်မှာ အမျိုးသမီးကောင်းတစ်ယောက် အမြဲရှိနေတတ်တယ်ဆိုတဲ့ အချက်ကို အန်နလီတစ်ယောက် ဘယ်လို သက်သေပြမလဲ လာမယ့်ရာသီမှာ ဂိုးသမား ကာရီရက်စ်နဲ့အတူ စောင့်ကြည့်ရဦးမှာပါ။

play

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ