AD
AD
AD

အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီးနောက် ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ့် နည်းပြကြီး အာစင်ဝင်းဂါးဟာ နောက်ထပ်အလုပ်သစ်တစ်ခုအတွက် မျှော်လင့်ထားတာထက် ပိုတဲ့ကမ်းလှမ်းမှုတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

play

 

အာစင်ဝင်းဂါးဟာ ပရိသတ်တွေရဲ့ ထောက်ခံအားပေးမှုကျဆင်းလာတာကြောင့် အာဆင်နယ်အသင်းရဲ့ဘုတ်အဖွဲ့ဟာ စာချုပ် ၁ နှစ်သက်တမ်းကျန်ရှိနေသေးတဲ့ အာစင်ဝင်းဂါးကို အသင်းကနေ ထွက်ခွာဖို့ ဖိအားပေးခဲ့တာဖြစ်ပါတယ်။ အာစင်ဝင်းဂါးဟာ နည်းပြဘဝကနေ အနားယူဖို့ အစီအစဉ်မရှိသေးကြောင်း သူ့ရဲ့ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် နည်းပြအဖြစ် ခန့်အပ်လိုတဲ့အသင်းတွေက ကမ်းလှမ်းမှုတွေ ပြုလုပ်လာတာဖြစ်ပါတယ်။

play

 

ယနေ့နံနက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာစင်ဝင်းဂါးကို သတင်းထောက်တွေက နည်းပြအဖြစ် ကမ်းလှမ်းမှုတွေ ရှိလားလို့ မေးမြန်းခဲ့တဲ့အခါမှာ အာစင်ဝင်းဂါးက အခုလိုပဲ ပြန်လည်ပြောကြားသွားခဲ့ပါတယ်။

"ဟုတ်ကဲ့။ ကျွန်တော် မျှော်လင့်ထားတာထက် တော်တော်များနေပါတယ်"

"အခုအချိန်မှာတော့ ကျွန်တော့်အလုပ်ကိုပဲ အကောင်းဆုံးဖြစ်အောင် အာရုံစိုက်ထားပါတယ်။ နောက်အလုပ်သစ်တစ်ခုအတွက် ဘာမှ လေ့လာဆန်းစစ်တာမျိုး မလုပ်သေးပါဘူး။ ကျွန်တော့် စာချုပ်သက်တမ်းကုန်ဆုံးတဲ့အချိန်အထိ အလုပ်ကောင်းကောင်းလုပ်ချင်ပါတယ်"

"ပြီးရင်တော့ ကျွန်တော် ခဏလောက် အနားယူမယ်။ ကျွန်တော့်ကို ကမ်းလှမ်းတဲ့အသင်းဆီ သွားမယ်။ ကျွန်တော် အမြဲတက်တက်ကြွကြွ ရှိနေမှာပါ။ ကျွန်တော့် ဦးနှောက်က အလုပ်လုပ်ဖို့ တောင်းဆိုနေပါတယ်"လို့ ဖြေကြားခဲ့ပါတယ်။

play

play

 

ဆက်လက်ပြီးသတင်းထောက်တွေက အာစင်ဝင်းဂါးကို အခြား ပရီးမီးယားလိဂ်အသင်းတွေကိုရော နည်းပြဖို့ ဆန္ဒရှိလားလို့ မေးမြန်းခဲ့တဲ့အခါမှာ အာစင်ဝင်းဂါးက "အခုအချိန်မှာတော့ အဲဒါကျွန်တော့်အတွက် အရမ်းခက်ခဲပါတယ်။ အဲဒါကို တွေးတောင် မတွေးမိသေးပါဘူး"

"ကျွန်တော့်ရဲ့နောက်ဆုံးသတင်းစာရှင်းလင်းပွဲထဲက တစ်ခုမှာ ကျွန်တော့်ကို ဒီကို ရောက်အောင်ခေါ်လာခဲ့တဲ့ ဒေးဗစ်ဒိမ်း(အာဆင်နယ်အသင်းရဲ့ဒုဥက္ကဌဟောင်း)ကို ကျေးဇူးတင်စကား ပြောချင်ပါတယ်"

"သူ့မှာ အနာဂတ်အတွက်(ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဆိုလို) သူများတွေနဲ့မတူတဲ့ အမြင်ရှိတယ်။ ကျွန်တော့်လိုမျိုး ဒီမှာ ဘယ်သူနဲ့မှ အသိမိတ်ဆွေမရှိတဲ့ နိုင်ငံခြားသား နည်းပြတစ်ယောက်ကို သူ အခွင့်အရေးပေးခဲ့တယ်။ သူ့အနေနဲ့ အထူးကျေးဇူးတင်ကြောင်းပြောဖို့ ထိုက်တန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ထူးခြားတဲ့ပုဂ္ဂိုလ်တစ်ဦးမို့လို့ပါ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: SS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD