AD
AD
AD

အာဆင်နယ်အသင်းရဲ့နည်းပြဟောင်း အာစင်ဝင်းဂါးဟာ အလုပ်မရှိတော့တဲ့အတွက် ပျင်းရိနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ထိပ်တန်းအသင်းတစ်သင်းနဲ့အတူ စမ်းသပ်မှုတွေ ပြုလုပ်ချင်နေတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

play

 

အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာနည်းပြပြီးနောက်မှာ အသင်းနဲ့လမ်းခွဲခဲ့သူဖြစ်ပြီး အာစင်ဝင်းဂါးရဲ့နေရာမှာ ပီအက်စ်ဂျီနည်းပြဟောင်း အူနိုင်းအူမရီကို အာဆင်နယ်အသင်းက အစားထိုးခန့်အပ်ခဲ့ပါတယ်။ အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းက ထွက်ခွာချိန်ကတည်းက ဘောလုံးလောကကနေ အနားယူဖို့ အစီအစဉ်မရှိကြောင်း ပြောကြားခဲ့ပြီး ပြိုင်ပွဲတွေဆီကို မျှော်လင့်ထားတဲ့အချိန်ထက် ပိုပြီးလျင်လျင်မြန်မြန် ပြန်လာချင်တဲ့ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ်။

play

 

အသက် ၆၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာစင်ဝင်းဂါးက မိမိဟာ ဘောလုံးကို စွဲလမ်းနှစ်သက်သူတစ်ဦးဖြစ်ပြီး အာဆင်နယ်အသင်းကနေ ထွက်ခွာခဲ့ရချိန်ကတည်းက ပျင်းရိနေပြီဖြစ်တာကြောင့် နောက်ထပ်အသင်းတစ်သင်းကို နည်းပြဖို့ ပြင်ဆင်ထားပြီးပြီလို့ ပြောကြားခဲ့ပါတယ်။

"အခုအချိန်က အရမ်းစိတ်လှုပ်ရှားစရာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် နောက်ထပ်တစ်ကြိမ် စမ်းသပ်ခွင့်ရခဲ့ပြီမို့လို့ပါ။ ကျွန်တော့်ဘဝမှာ အဲဒါကိုပဲ လိုချင်ခဲ့တာပါ"

"ကျွန်တော်က အမြဲတမ်းစမ်းသပ်ချင်နေတဲ့ ပြိုင်ဘက်တစ်ယောက်ပါ"

"ဘာတွေဖြစ်လာမလဲတော့ ကျွန်တော်လည်းမသိသေးပါဘူး။ ဒါပေမယ့် ကျွန်တော်က ဘာမှမရေးရသေးတဲ့ စာရွက်အလွတ်အရှေ့မှာရှိနေတာပါ။ ကျွန်တော် နောက်ထပ်အခန်းအသစ်တစ်ခု ရေးရမှာပါ"

"ကျွန်တော်က ကမ်းခြေမှာလဲလျောင်းပြီး ဘဝကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်တဲ့ ဆုလာဘ်မျိုး ရှိနေတဲ့သူမဟုတ်ပါဘူး။ အဲဒီလို လုပ်နိုင်တဲ့ ကျွန်တော့်သူငယ်ချင်းတွေကိုလည်း ကျွန်တော် သဘောမကျပါဘူး"

"ကျွန်တော်ဟာ ဖန်တီးမှုတွေကို စွဲလမ်းတတ်သူတစ်ယောက်ဖြစ်တဲ့အတွက် မြန်မြန်ပဲ ပျင်းရိလာပါတယ်။ ကျွန်တော့်ရဲ့မျိုးရိုးဗီဇထဲမှာကို စွဲလမ်းနေတာပါ။ ခင်ဗျားလည်း စွဲလမ်းမှုတစ်ခုနဲ့ ရှင်သန်နေရတာပဲလေ"လို့ ပြောကြားခဲ့ပါတယ်။

play

 

အာစင်ဝင်းဂါးကို နောက်ထပ်ကိုင်တွယ်မယ့်အသင်းက ဘယ်လိုမျိုးအသင်းများဖြစ်မလဲလို့ မေးမြန်းခဲ့တဲ့အခါမှာတော့ အခုလိုပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။

"ရည်မှန်းချက်ရှိတဲ့ အသင်းကြီးတစ်သင်းပေါ့။ 'ဟာ... ဒီနေ့ ငါတို့အသင်းကစားရမယ့်ပွဲရှိတယ်။ ထူးဆန်းတဲ့အရာတစ်ခုခု ငါတွေ့ရကောင်းတွေ့ရလိမ့်မယ်'လို့ ရေရွတ်ရင်း ပရိသတ်တွေကို နိုးလာစေနိုင်တဲ့အသင်းမျိုးပေါ့"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD