AD
AD
AD

အာဆင်နယ်အသင်းရဲ့နည်းပြဟောင်း အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို တာဝန်ယူကိုင်တွယ်နေစဉ်တုန်းက ရီးရဲမက်ဒရစ်အသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့က နည်းပြအဖြစ် ကမ်းလှမ်းမှုတွေ မကြာခဏ ပြုလုပ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

play

 

အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီးနောက် ယခုရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲခဲ့သူဖြစ်ပြီး အသင်းပိုင်ရှင်က နည်းပြရာထူးကို စွန့်လွှတ်ဖို့ အတင်းအကြပ်ဖိအားပေးခြင်းခံခဲ့ရသူဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပီအက်စ်ဂျီအသင်းနဲ့ လမ်းခွဲဖွယ်ရှိနေတဲ့ နည်းပြ အူမရီကို လစ်လပ်နေတဲ့နည်းပြနေရာမှာ အစားထိုးသွားမယ်လို့ သိရပါတယ်။

play

အာစင်ဝင်းဂါးဟာ လက်ရှိအချိန်မှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း BeInsports ရုပ်သံလိုင်းမှာ ပွဲလေ့လာသုံးသပ်သူအဖြစ် ဆောင်ရွက်ဖို့ သဘောတူညီထားပြီး နည်းပြဖို့အတွက် အသင်းသစ်ကို မရှာဖွေရသေးပါဘူး။ အာစင်ဝင်းဂါးက အာဆင်နယ်အသင်းကို နည်းပြခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ ဥရောပရဲ့အကောင်းဆုံးအသင်းအချို့ဟာ နည်းပြအဖြစ် ကမ်းလှမ်းခဲ့ပေမယ့် အာဆင်နယ်အသင်းအပေါ် သစ္စာရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

"ရီးရဲမက်ဒရစ်အသင်းကို ကျွန်တော် ငြင်းပယ်ခဲ့တာ ၂ ခါ ဒါမှမဟုတ် ၃ ခါလောက်ရှိမယ်ထင်တယ်။ ရီးရဲမက်ဒရစ်အသင်းဟာ ကျွန်တော် ကလေးဘဝကတည်းက နှစ်သက်ခဲ့ရတဲ့အသင်းတစ်သင်းပါ။ ဒါပေမယ့် အဲဒီအချိန်မှာ အာဆင်နယ်အသင်းအတွက် အရမ်းကို ထိခိုက်လွယ်တဲ့ အချိန်အပိုင်းအခြားတစ်ခုကို ရောက်နေတယ်လို့ ခံစားခဲ့ရတဲ့အတွက် ငြင်းပယ်ခဲ့ပါတယ်"

"ခင်ဗျားသာဆိုရင် ကျွန်တော့်ကို အမြဲတမ်း ရီးရဲမက်ဒရစ်အသင်းကို သွားဖို့ တိုက်တွန်းနေမှာပဲ။ ဘာလို့လဲဆိုတော့ သူတို့က သူတို့ရဲ့အသင်းတစ်သင်းလုံးကို ကျွန်တော့်ကို ကိုင်တွယ်ထိန်းချုပ်ဖို့ အခွင့်အရေးကို ပေးနေတာလေ"

"တစ်နေ့တည်းမှာပဲ ကျွန်တော် မဖြစ်နိုင်ဘူးလို့ ၁ ခါတောင်မဟုတ်ဘူး။ ၂ ခါအထိ ငြင်းခဲ့တယ်။ ကျွန်တော် အာဆင်နယ်အသင်းအတွက် ငြင်းပယ်ခဲ့တဲ့အသင်းတွေက ခင်ဗျားထင်တာထက်တောင် များပါသေးတယ်။ နေ့တစ်နေ့အဆုံးမှာတော့ ကျွန်တော် အာဆင်နယ်အသင်းမှာ ရှိနေတာကို ပျော်ရွှင်ခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

အာစင်ဝင်းဂါးဟာ အင်္ဂလန်အသင်းရဲ့နည်းပြ ရာထူးကိုလည်း ငြင်းပယ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး အာဆင်နယ်အသင်းအတွက် မိမိရှိနေပေးဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

"ကျွန်တော် အင်္ဂလန်အသင်းကို ကိုင်တွယ်ဖို့ကမ်းလှမ်းချက်ကို ၂ ကြိမ် ဒါမှမဟုတ် ၃ ကြိမ် ငြင်းပယ်ခဲ့တယ်ထင်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့်အတွက် အာဆင်နယ်အသင်းမှာ နေ့စဉ်ပါဝင်ပတ်သက်နေမှုက အရမ်းကို အရေးကြီးနေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD