AD
AD
AD

ယနေ့နံနက်က ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့ စီအက်စ်ကေအေမော်စကိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အာဆင်နယ်အသင်းက ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းအတွက် သွင်းဂိုးတွေကို လာကာဇက်နဲ့ ရမ်ဆေးတို့က တစ်ယောက်ကို ၂ ဂိုးစီ သွင်းယူပေးခဲ့ကြတာဖြစ်ပြီး တတိယ ဦးဆောင်ဂိုးနဲ့ စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူနိုင်ဖို့ အိုဇေးလ်က ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ စီအက်စ်ကေအေမော်စကို အသင်းနဲ့ ပွဲစဉ်မှာ အိုဇေးလ်ရဲ့စွမ်းဆောင်ရည်ဟာ လေးစားလောက်စရာ ကောင်းမွန်ခဲ့ပြီး အာဆင်နယ်အသင်းရဲ့နည်းပြ အာစင်ဝင်းဂါးက အိုဇေးလ်ကို ချီးကျူးစကားပြောဆိုခဲ့ပါတယ်။

play

 

"အိုဇေးလ် ကစားပုံကောင်းခဲ့တယ်။ ခင်ဗျားတို့ စိတ်ကျေနပ်ကြလိမ့်မယ်လို့ ထင်ပါတယ်"

"ခင်ဗျားမြင်ခဲ့ရတာ အရမ်းကောင်းမွန်တဲ့ကစားသမားတစ်ယောက်ပါ။ ဘောလုံးကို နှစ်သက်တဲ့အခါမှာ အဲဒါက ခင်ဗျားမြင်ချင်တဲ့အရာဖြစ်လာမှာပဲ"

"ပထမပိုင်းမှာ ကစားအားကောင်းမွန်ခဲ့ပေမယ့် သက်တောင့်သက်သာတော့ မရှိခဲ့ပါဘူး။ မော်စကိုအသင်းဟာ နည်းစနစ်ပိုင်း အလွန်ကောင်းမွန်တဲ့ အသင်းတစ်သင်းပါ"

"ကျွန်တော်တို့ အရမ်းကောင်းတဲ့ဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းပြီးတဲ့အချိန် ၄ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နေပေမယ့် နောက်ထပ် ဂိုးတွေ ထပ်မံသွင်းယူလို့ မရတော့ပါဘူး။ သူတို့အရမ်းကို ရွေ့လျားတာမြန်သလို ဘာလုံးနဲ့အတူ ပညာပါပါကစားနိုင်ပြီး တိုက်စစ်အားပြုတဲ့ ကစားဟန်နဲ့ ကစားသွားနိုင်ခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

အိုဇေးလ်ဟာ အာဆင်နယ်အသင်းအတွက် အဓိက ကွင်းလယ်ဖန်တီးရှင်ဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်းအတွက် ၄ ဂိုးသွင်းယူပေးထားပြီး ဂိုးဖန်တီးမှု ၈ ကြိမ်ပြုလုပ်ပေးထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD