AD
AD
AD

အာဆင်နယ်အသင်းရဲ့ကွင်းလယ်ကစားသမား ဝီလ်ရှိုင်းယားဟာ နည်းပြ အာစင်ဝင်းဂါးရဲ့ အံ့အားသင့်ဖွယ် ပြောကြားခဲ့တဲ့စကားတစ်ခွန်းကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

play

 

လာမယ့်ရာသီကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တဲ့ ဝီလ်ရှိုင်းယားဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ညှိနှိုင်းခဲ့ရာ ပြေလည်မှုမရခဲ့တာကြောင့် ရာသီကုန်မှာ အသင်းကနေ ထွက်ခွာရတော့မယ့်ကစားသမားဖြစ်ပါတယ်။ နယ်သာလန်၊ အီတလီ အသင်းတို့နဲ့ ခြေစမ်းပွဲကစားဖို့အတွက် အင်္ဂလန်အသင်းနဲ့အတူ လေ့ကျင့်ရေးပြုလုပ်နေတဲ့ ဝီလ်ရှိုင်းယားဟာ မိမိအနေနဲ့ ဘုန်းမောက်အသင်းမှာ အငှားနဲ့သွားရောက်ကစားနေစဉ်အချိန်က အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့အတွက် ခွင့်ပြုချက်ရခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်။

"အဲဒါက အရိုးသားဆုံး ပြောခဲ့တဲ့စကားတွေပါ။ ခဏတာလောက်တော့ ဒေါသဖြစ်ခဲ့ပါတယ်"

"အားလုံးလည်း သိကြတဲ့အတိုင်း ကျွန်တော် အသင်းနဲ့တစ်နှစ်လောက်ပဲ စာချုပ်သက်တမ်းကျန်တော့တဲ့အချိန်မှာ အငှားနဲ့သွားကစားခဲ့တယ်။ ပြီးတော့ ဒဏ်ရာရရှိခဲ့တယ်။ တကယ်တမ်းတော့ သူ့ရဲ့(နည်းပြအာစင်ဝင်းဂါး)အစီအစဉ်ထဲမှာ ကျွန်တော် မပါခဲ့ပါဘူး။ သူက ကျွန်တော့်ကို ပြောခဲ့တယ်။ 'အခုအချိန်မှာတော့ မင်းကို ငါတို့ နောက်ထပ်စာချုပ်သစ်ချုပ်ဆိုဖို့ ထပ်ပြီး ကမ်းလှမ်းမှာမဟုတ်ဘူး။ မင်းကို တခြားက ကမ်းလှမ်းထားတာရှိရင်တော့ မင်းသွားနိုင်တယ်'ဆိုပြီး ပြောခဲ့ပါတယ်"

play

 

ဝီလ်ရှိုင်းယားဟာ အဲဒီလို နည်းပြအာစင်ဝင်းဂါးနဲ့ ဆက်ဆံရေးတွေရှိနေခဲ့ပေမယ့် အာဆင်နယ်ပထမလူစာရင်းထဲကို အတင်းအကြပ်ထည့်သွင်း ကစားစေခဲ့တာကြောင့် လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ ၃၁ ပွဲအထိ ပါဝင်ကစားပေးခဲ့ရပါတယ်။

"ပြောရမယ်ဆိုရင် ကျွန်တော် နည်းပြပြောခဲ့တဲ့စကားတွေနဲ့ပတ်သက်ပြီး ပျော်ရွှင်မှုမရှိပါဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော် သူ ရိုးရိုးသားသားပြောပြခဲ့လို့ ပျော်ရွှင်မိခဲ့ပါတယ်"

"သူ ကျွန်တော့်ကို အပြောင်းအရွှေ့ရာသီ မပိတ်သိမ်းမီ ၃ ပတ်၊ ၄ ပတ်လောက် အခွင့်အရေးပေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောင်းရွှေ့ရမယ့်အသင်းတစ်သင်းမှ မတွေ့ခဲ့ပါဘူး။ အဲဒီအချိန်မှာ ကျွန်တော့်ရဲ့ကြံ့ခိုင်မှုကလည်း မပြည့်ဝသေးပါဘူး။ အဲဒါကြောင့် ဒီမှာပဲ ဆက်နေပြီး ကြံ့ခိုင်မှုပြည့်ဝအောင်လုပ်မယ်လို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာပါ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD