AD
AD
AD

မန်ချက်စတာစီးတီးအသင်းရဲ့ ဝါရင့်ကွင်းလယ်ကစားသမား ယာယာတိုရေးဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညက မန်ချက်စတာစီးတီးအသင်းနဲ့အတူ ၃ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်ခဲ့ပြီး ယခုရာသီကုန်မှာ အသင်းက ထွက်ခွာတော့မှာဖြစ်ပါတယ်။

play

 

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယာယာတိုရေးဟာ ဘာစီလိုနာအသင်းကနေ မန်ချက်စတာစီးတီးအသင်းကို ၂၀၁၀ ခုနှစ်မှာ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းနဲ့အတူ ၈ ရာသီကြာ ကစားပေးခဲ့သူဖြစ်ပါတယ်။ ယာယာတိုရေးဟာ ယခုရာသီမှာ မန်ချက်စတာစီးတီးအသင်းအတွက် ပွဲထွက်ကစားခွင့် ၁ ပွဲမှ မရရှိခဲ့ဘဲ အနာဂတ်အတွက် တခြားတစ်နေရာကို ရှာဖွေရတော့မယ်လို့ လက်ခံခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

play

 

"မန်ချက်စတာစီးတီးအသင်းဟာ ကျွန်တော် အချိန်အကြာဆုံးကစားခဲ့ဖူးတဲ့ ပထမဆုံးအသင်းပါ"

"၈ နှစ်ကြာကစားခဲ့ပြီးတဲ့နောက်မှာတော့ အခုအချိန်ဟာ ထွက်ခွာဖို့အကောင်းဆုံးအချိန်လို့ ကျွန်တော် တွေးမိတယ်။ လူငယ်တွေကို ဆက်ပြီး တာဝန်ယူခွင့်ပေးရတော့မယ်လေ"

"ကျွန်တော် တကယ်ပျော်ရွှင်မိပါတယ်။ ဒီအသင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခွင့်ရခဲ့တဲ့အတွက် ကျေနပ်မိပါတယ်။ သူတို့လည်း နောက်ရာသီမှာ ဒီထက်ပိုတောင့်တင်းလာအောင် လုပ်ကြမှာပါ။ လာမယ့်နှစ်မှာ အခုထက်ပိုတဲ့အရာတွေ ရရှိလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်"

"ပရီးမီးယားလိဂ်ဖလားကို ၃ ကြိမ်အထိ ကိုင်မြှောက်နိုင်ခဲ့တဲ့အတွက် အရမ်းကျေနပ်မိပါတယ်။ ကျွန်တော်ဒီမှာရှိနေခဲ့တဲ့ ၈ နှစ်တာကာလတစ်လျှောက်ကို ခင်ဗျား မြင်နိုင်မယ်ဆိုရင် အရမ်းကို မယုံကြည်နိုင်လောက်အောင်ပါပဲ။ ဒီအသင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တာ အရမ်းပျော်ရွှင်မိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD